ထိုင်းကားပြပွဲ တိုယိုတာ အမှာစာ အများဆုံး လက်ခံရရှိ


ထိုင်းကားပြပွဲ တိုယိုတာ အမှာစာ အများဆုံး လက်ခံရရှိ

TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U

ထိုင်းနိုင်ငံတွင် နိုဝင်ဘာလ ၂၉ မှ ဒီဇင်ဘာလ ၁၁ ရင်အထိ ကျင်းပခဲ့သော 40th Thailand International Motor Expo 2023 တွင် ကြိုတင်အမှာစာ ၅၃,၂၄၈ စီး ရောင်းချခဲ့သည်။ ယမန်နှစ်က ၄၂,၇၅၈ စီး ရောင်းချခဲ့သည်ထက် ပိုများသည်။ 

ထုံးစံအတိုင်း နောက်ဆုံးရက်တွင် အမှာစာ အများဆုံး ရရှိခဲ့ရာ ၈,၄၅၉ စီး ရောင်းချခဲ့သည်။ 

လျှပ်စစ်ကားများအပေါ် စိတ်ဝင်တစား ရှိကြပြီး BYD ကို စိတ်ဝင်စားမှု ရေချိန် အမြင့်မားဆုံး ဖြစ်သည်။

တိုယိုတာသည် အမှာစာ ၇,၂၄၅ စီး ရရှိခဲ့ပြီး အမှာစာ အမ‌ျားဆုံး ရရှိသူ သရဖူ ဆောင်းခဲ့သည်။

ဟွန်ဒါက ဒုတိယအများဆုံး အမှာစာ ရရှိသူ ဖြစ်ပြီး ၆,၁၄၉ စီး ရောင်းချခဲ့သည်။


တတိယနေရာ ရရှိသည့် BYD သည် အမှာစာ ၅,၄၅၅ စီး ရရှိသည်။

• စတုတ္ထနေရာမှာ Aion က ၄,၅၆၈ စီး
• ပဉ္စမနေရာမှာ MG က ၃,၅၆၈ စီး
• ဆဌမနေရာမှာ Changan က ၃,၅၄၉ စီး
အမှာစာ အသီးသီး ရရှိပါသည်။ 

BYD ၏ အီးဗီမော်ဒယ်များတွင်  Dolphin သည် အမှာစာ အများဆုံး လက်ခံရရှိခဲ့သည်။ ATTO3 သည် အမှာစာ ဒုတိယအများဆုံး လက်ခံရရှိခဲ့သည်။ SEAL သည် အမှာစာ တတိယအများဆုံး လက်ခံရရှိခဲ့သည်။
 Source nationthailand 
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U

Read 474 times