စက်သုံးဆီ အင်ဂျင်ကားများ တင်သွင်းခွင့် အီသီယိုးပီးယား စတင်ပိတ်ပင်


စက်သုံးဆီ အင်ဂျင်ကားများ တင်သွင်းခွင့် အီသီယိုးပီးယား စတင်ပိတ်ပင်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အီသီယိုးပီးယားသည် ယမန်နှစ်က လောင်စာဆီ အမျိုးမျိုး ပြည်ပမှ တင်သွင်းရန် ကန်ဒေါ်လာ ၆ ဘီလီယံနီးပါး သုံးစွဲခဲ့ရသည်။ ထက်ဝက်ကျော်သည် မော်တော်ယာဉ်များအတွက် စက်သုံးဆီများ ဖြစ်သည်။ 

သို့ဖြစ်ရာ ဓာတ်ဆီနှင့် ဒီဇယ်ဆီတို့အတွက် ကန်ဒေါ်လာ ၃ ဘီလီယံကျော် သုံးစွဲခဲ့ရပြီး အများစုမှာ ဓာတ်ဆီအတွက် ဖြစ်သည်။ 

တုံ့ပြန်အရေးယူ လုပ်ဆောင်သည့် အနေဖြင့် အီသီယိုးပီးယားနိုင်ငံ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ဝန်ကြီးဌာနက မော်တော်ယာဉ်သည် လျှပ်စစ်မော်တော်ယာဉ် မဟုတ်ပါက  အီသီယိုးပီးယားသို့ မဝင်ရောက်ရဟု ပြဋဌာန်းမည်ဖြစ်ကြောင်း ပြောကြားပါသည်။

အီသီယိုးပီးယားနိုင်ငံ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဝန်ကြီး Alemu Sime သည် နိုင်ငံ၏ ထောက်ပံ့ပို့ဆောင်ရေး မဟာစီမံကိန်းကို ရေးဆွဲပြီးစီးကြောင်း ကြေညာခဲ့သည်။ အသေးစိတ်  မသိရသေးသော်လည်း ဝန်ကြီးက မော်တော်ယာဥ်သည် လျှပ်စစ်‌မော်တော်ယာဉ် မဟုတ်လျှင် အီသီယိုးပီးယားသို့ မဝင်ရောက်ရဟု ဆုံးဖြတ်ချက် ချထားပြီးပြီဖြစ်ကြောင်း အသိပေးပြောကြားပါသည်။

၎င်းဆုံးဖြတ်ချက်၏ နောက်ကွယ်မှ အကြောင်းရင်းတစ်ခုမှာ နိုင်ငံခြားငွေ နည်းပါးနေသဖြင့် ဓာတ်ဆီတင်သွင်းရန် မတတ်နိုင်ခြင်း ဖြစ်သည်ဟု ဝန်ကြီးက ပြောကြားသည်။

 

စက်သုံးဆီအင်ဂျင်သုံး မော်တော်ယာဉ် အသစ် ရောင်းချခြင်း ပိတ်ပင်မည်ဟု အတိအလင်း ကြေညာထားသော နိုင်ငံများနှင့် စတင်သက်ရောက်မည့် ခုနှစ် ဖော်ပြသည့် ကမ္ဘာ့မြေပုံ

 

ခြွင်းချက်။  ။ စလိုဗေးနီးယား၊ ဂျပန်၊ ကနေဒါ၊ စင်ကာပူနှင့် အမေရိကန်မှ ပြည်နယ်အချို့တုိ့တွင် ဟိုက်ဘရစ် ရောင်းချခြင်းကို ဆက်လက်ခွင့်ပြုမည်ဖြစ်သည်။ 

 

Source apanews


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 155 times