အီးဗီ အစီး ၅၀၀ နီးပါးပါသည့် ကားတင်သင်္ဘော မီးလောင်


အီးဗီ အစီး ၅၀၀ နီးပါးပါသည့် ကားတင်သင်္ဘော မီးလောင်

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

နယ်သာလန်ကမ်းရိုးတန်းအနီးတွင် မီးလောင်နေသည့် ကားတင်သင်္ဘော Fremantle Highway တွင် လျှပ်စစ်ကား အစီး ၅၀၀ နီးပါး ပါလာကြောင်း  ၎င်းသင်္ဘော၏ အော်ပရေတာက ပြောကြားသည်။
ဒတ်ခ်ျကမ်းခြေစောင့်တပ်မှ ထုတ်ပြန်ခဲ့သည့် ကနဦးသတင်းတွင် အီးဗီ ၂၅ စီး ပါသည်ဟု ထုတ်ပြန်ခဲ့သည်ထက် အရေအတွက် ရာဂဏန်း ကွာခြားနေသည်။


ဒတ်ခ်ျကမ်းလွန်မှာ ကားအစီးရေ ၃၀၀၀ နီးပါး တင်ဆောင်လာသည့် သင်္ဘော မီးလောင်မှုဖြစ်ပွား
https://www.logisticsguide.com.mm/en/industry-news/port-new/227395
အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


Fremantle Highway ကားတင်သင်္ဘော မီးစတင်လောင်ရသည့် အကြောင်းရင်းကို မသိရသေးပေ။

အီးဗီများကြောင့်  မီးအရှိန်တက်သည်ဟု ယူဆရသည်။ အီးဗီ ဘက်ထရီထုပ်မှ လစ်သီယမ်-အိုင်းယွန်းဘက်ထရီ လောင်သည့် မီးသည်  လောင်စာဆီ လောင်သည့်မှးထက် ပိုပူပြီး ပိုကြာရှည်သည်။ မီးငြိမ်းသတ်ဖို့လည်း ပိုခက်သည်။ 

Fremantle Highway ကို ကယ်ဆယ်ရေး တွန်း/ဆွဲရေယာဉ်များက ရေပက်ဖြန်းပေးလျက်ရှိပြီး ဇူလိုင်လ ၂၈ ရက်တွင် သင်္ဘောပေါ်မှာ အပူချိန် သိသိသာသာ လျော့ကျသည်။ မီးခိုးလည်း လျော့နည်းသွားသည်။ သို့ဖြစ်ရာ သင်္ဘောပေါ်သို့ တက်ရောက်နိုင်ခဲ့ကြသည်။ Fremantle Highway ကို ကယ်ဆယ်ရေး တွန်း/ဆွဲရေယာဉ်နှင့် ကြိုးများ ဆိုင်းထားနိုင်ခဲ့သည်။ သို့ဖြစ်ရာ သင်္ဘော မျောမပါအောင် ထိန်းထားနိုင်ပြီ ဖြစ်သည်။

Fremantle Highway သင်္ဘောတွင် လျှပ်စစ်ကား ၄၉၈ စီးအပါအဝင် စုစုပေါင်းယာဉ် ၃၇၈၃ စီး တင်ဆောင်ထားကြောင်း Fremantle Highway ကို စင်းလုံးငှားထားသည့်  Kawasaki Kisen Kaisha Ltd. က ပြောကြားသည်။
BMW AG ၏  ကားများ ရာဂဏန်း ပါသည်။
Mercedes-Benz Group AG ၏ ကားများ အစီး ၃၀၀ ဝန်းကျင်ပါသည်။ 
Volkswagen AG ၏ ကားများလည်း ပါနိုင်ပြီး အသေးစိတ် မသိရသေးပါ။

ပနားမား အလံတင် Fremantle Highway သည် ဂျာမနီရှိ Bremerhaven ဆိပ်ကမ်းမှ ထွက်ခွာခဲ့ပြီး 
 အီဂျစ်မှ Port Said သို့ သွားနေစဉ် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

Fremantle Highway ၏ ပိုင်ရှင် ဂျပန်မှ  Shoei Kisen Kaisha Ltd က ကားတင်သင်္ဘော ခရီးစဉ်၏ နောက်ဆုံးဆိပ်ကမ်းမှာ စင်ကာပူ ဖြစ်ကြောင်း ပြောကြားသည်။

Shoei Kisen Kaisha Ltd က ၂၀၂၁ မတ်လတွင် စူးအက်တူးမြောင်း ပိတ်ဆို့ခဲ့သည့် ကွန်တိန်နာသင်္ဘော အကြီးစား Ever Given ကိုလည်း ပိုင်ဆိုင်သည်။ 

 

Source Bloomberg 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 1669 times