ကွမ်ကျိုးကားပြပွဲ ကားမော်ဒယ် တထောင်ကျော် ပြသမည်


ကွမ်ကျိုးကားပြပွဲ ကားမော်ဒယ် တထောင်ကျော် ပြသမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ကွမ်ကျိုးမြို့ ရှိ Canton Fair Complex တွင် နိုဝင်ဘာ ၁၇ ရက်မှ ၂၆ ရက်အထိ Auto Guangzhou 2023 ကို ကျင်းပမည်ဖြစ်သည်။

• နိုဝင်ဘာလ ၁၇ ရက်နေ့သည် မီဒီယာနေ့ဖြစ်ပြီး မီဒီယာသမားများနှင့် အထူးဧည့်သည်တော်များအတွက်သာ ဖြစ်ပါသည်။

• နိုဝင်ဘာ ၁၈ နှင့် နိုဝင်ဘာ ၁၉ ရက်သည် ပရော်ဖက်ရှင်နယ် ဧည့်သည်တော်များအတွက် ဖြစ်သည်။
ဝင်ကြေး ယွမ် ၁၀၀ ($14) ကောက်ခံမည် ဖြစ်သည်။

• နိုဝင်ဘာလ ၂၀ မှ ၂၆ ရက်နေ့အထိသည် အများပြည်သူ ကြည့်ရှုရန်ဖြစ်ပြီး ဝင်ကြေး ယွမ် ၅၀ ကျသင့်မည်ဖြစ်သည်။

အဆောက်အဦအတွင်း ပြပွဲခန်းမ ၆ ခု၊ ပြင်ပ ခင်းကျင်းပြသ ဧရိယာ ၁ ခု ပါဝင်သည်။
စုစုပေါင်း ကြမ်းခင်းဧရိယာ ၂၂၀,၀၀၀ စတုရန်းမီတာ ကျယ်ဝန်းသည်။

ပြပွဲကြီးတွင် စုစုပေါင်း မော်တော်ယာဉ် ၁,၁၃၂ စီး ပြသထားသည်။ ၄၁% ဖြစ်သည့် ၄၆၉ စီးသည် စွမ်းအင်သစ် မော်တော်ယာဉ် New Energy Vehicle NEV များ ဖြစ်ပါသည်။
ပြည်ပအမှတ်တံဆိပ်များမှ ၁၁၉ စီး ပြသသည်။ ရာခိုင်နှုန်းအားဖြင့် ၁၁% ဖြစ်ပါသည်။

စိတ်ကူးပုံဖော်အဆင့် concept ကား အစီး ၂၀ ပြသမည်။ ယင်းတို့အနက် ၉ စီးမှာ နိုင်ငံတကာ အမှတ်တံဆိပ်များ ဖြစ်ပါသည်။
ပါဝင်ပြသမည့် နိုင်ငံတကာ အမှတ်တံဆိပ်များမှာ BMW၊ Mercedes-Benz၊ Audi၊ Volvo၊ Toyota၊ Honda နှင့် Nissan တို့ ဖြစ်ပါသည်။

ထင်ရှားသော တရုတ်ကားအမှတ်တံဆိပ်များ ဖြစ်ကြသည့် Xpeng, Li Auto, Neta, Leapmotor တို့ ပြသကြမည်။ 
မကြာခင် ထုတ်လုပ်တော့မည့် မော်ဒယ်အသစ်များအတွက် အမှာစာများ စတင်လက်ခံကြမည် ဖြစ်သည်။ 

Baidu နှင့် Geely တို့ ပူးပေါင်းဖန်တီးထားသည့် လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်း Jiyue လည်း ပြပွဲမှာ ပါဝင်ပြသမည်။ အနိမ့်ဆုံးဈေးနှုန်း ယွမ် ၂၄၉,၉၀၀ သတ်မှတ်ထားသည့် ပထမဆုံးမော်ဒယ် Jiyue 01 ကို ပြပွဲအပြီး အောက်တိုဘာလ ၂၇ ရက်တွင် စတင်ရောင်းချရန် စီစဉ်ထားပါသည်။


မော်တော်ကား အစိတ်အပိုင်းများ၊ မော်တော်ကား ချိန်ညှိခြင်း tuning နှင့် နည်းပညာသစ်ကဏ္ဍများကို နိုဝင်ဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ပြသသွားမည်ဖြစ်သည်။


Guangzhou မော်တော်ကားပြပွဲကို ၂၀၀၃ ခုနှစ်တွင် စတင်ခဲ့ပြီး နှစ်စဉ် ပြသခဲ့သည်မှာ ယခုအခါ ၂၃ နှစ် ရှိပြီ ဖြစ်သည်။

နှစ်စဉ် နိုဝင်ဘာလတွင် ကျင်းပနေကျ ဖြစ်သော်လည်း ယမန်နှစ်က ပြပွဲကို နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ ကျင်းပရန် စီစဉ်ခဲ့ပြီးမှ ကိုဗစ် အခြေအနေအရပ်ရပ်ကြောင့် ဒီဇင်ဘာ ၃၀ ရက်မှ ဇန်နဝါရီ ၈ ရက်သို့ ရွှေ့ဆိုင်းပြီး ပြသခဲ့ပါသည်။

 

 

 

Source CnEVData

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 395 times