Huawei က မောင်းသူမဲ့ယာဉ်စနစ်မှ တိကျသော်လည်း ဈေးကြီးသည့် မြေပုံများကို ဖယ်ထုတ်


Huawei နှင့် အခြားသော မောင်းသူမဲ့နည်းပညာ ဖန်တီးလျက်ရှိသော တရုတ်ကုမ္ပဏီများသည် ၎င်းတို့အတွက်လိုအပ်သော တိကျသည့် မြေပုံစနစ် ရယူခြင်းသည် ကုန်ကျစရိတ် အလွန်ကြီးမားသည့်အတွက် အဆိုပါ မြေပုံရယူခြင်း လုပ်ငန်းစဉ်အတွက် အစားထိုးနည်းပညာများ ဖန်တီးလျက်ရှိကြောင်း သိရသည်။ 

 

Huawei ၏ Senior Executive ဖြစ်သူ Yu Chengdong က Shanghai ဧပြီလ ၁၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ကားပြပွဲတွင် မောင်းသူမဲ့ယာဉ်များအတွက် တိကျသည့် မြေပုံများသည် ဈေးအလွန်ကြီးကြောင်း ပြောကြားခဲ့ပြီး ၎င်းတို့သည် Shanghai တွင် အဆိုပါစနစ်အတွက် ၂ နှစ် နီးပါး မြေပုံများ လိုက်လံ ကောက်ယူလျက်ရှိပြီး ယခုအချိန်အထိ Shanghai မြို့၏ လမ်းအရှည် ၉,၀၀၀ ကီလိုမီတာအားလုံး မရရှိသေးကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။ 

 

Yu Chengdong

အလိုအလျောက် မောင်းနှင်စနစ်အတွက် လိုအပ်သည့် HD မြေပုံများသည် ပုံမှန် လမ်းညွှန်မြေပုံစနစ်များထက် ပိုမိုမြင့်မားသည့် နည်းပညာလိုအပ်သည်ဟု သိရသည်။ ပုံမှန်လမ်းညွှန်မြေပုံများသည် ၁၀ မီတာ အတွင်း တိကျမှုကိုသာ လိုအပ်သော်လည်း အလိုအလျောက် မောင်းနှင်သော မော်တော်ယာဉ်စနစ်များအတွက် ၂၀ စင်တီမီတာအတွင်း တိကျမှု လိုအပ်ပြီး အချို့သော အခြေအနေများတွင် ၁ စင်တီမီတာအတွင်း တိကျမှု အထိပါ လိုအပ်ကြောင်း ပေကျင်းသုတေသန ကုမ္ပဏီတစ်ခု၏ ပြောကြားချက်အရ သိရသည်။ 

 

၁၀ စင်တီမီတာအတွင်း တိကျမှုရှိသည့် မြေပုံအတွက် Survey ကုန်ကျစရိတ်သည် ၁ ကီလိုမီတာလျှင် ၁၀ ယွမ် (အမေရိကန် ဒေါ်လာ ၁.၄၄) သာ ရှိသော်လည်း ၁ စင်တီမီတာအတွင်း တိကျမှုရှိသည့် မြေပုံအတွက် Survey ကုန်ကျစရိတ်သည် ၁၀၀၀ ယွမ်အထိ ရှိကြောင်း စက်မှုလုပ်ငန်းအဖွဲ့ ဖြစ်သည့် China Industry Innovation Alliance for Intelligent and Connected Vehicles မှ ၂၀၂၁ ခုနှစ်ထုတ် စက္ကူဖြူစာတမ်းအရ သိရသည်။

 

Advertisement 

Click Here >>> Chemflora May Co.Ltd.

 

Huawei သည် ၎င်း၏ မောင်းသူမဲ့စနစ်တွင် HD မြေပုံများ လိုအပ်မှုကို ဖယ်ရှားနိုင်ရန် ပြန်လည် မွမ်းမံထားပြီး အဆိုပါ နည်းပညာ၏ အသေးစိတ် အကြောင်းအရာများကို ချပြခဲ့ခြင်း မရှိပေ။ သို့သော်လည်း Yu ၏ ပြောကြားချက်အရ အဆိုပါနည်းပညာသည် လမ်းပိုင်းဆိုင်ရာ ပြောင်းလဲမှု ပထဝီအနေအထားနှင့် မော်တော်ယာဉ်လမ်းကြောင်းပြ မြေပုံနည်းပညာများကို ပေါင်းစပ်ထားသည်ဟု ဆိုသည်။  

 

Huawei ကုမ္ပဏီသည် ၎င်းတို့၏ နည်းပညာအသစ်ဖြင့် မောင်းသူမဲ့ယာဉ်များအား တရုတ်နိုင်ငံ၏ မြို့ပေါင်း ၄၅ မြို့တွင် ရရှိနိုင်ရန် စီစဉ်ထားပြီး တရုတ်မော်တော်ကားကုမ္ပဏီ Seres Automobile မှ Aito Wenjie M5 လျှပ်စစ်ကားတွင် စတင်စမ်းသပ် အသုံးပြုသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး နောက်ပိုင်းတွင် အခြားသော မော်တော်ယာဉ်များအတွက် ဆက်လက် ထည့်သွင်း အသုံးပြုသွားမည် ဖြစ်သည်ဟု သိရသည်။ 

 

Aito Wenjie M5

လျှပ်စစ်ကားများ ထုတ်လုပ်လျက်ရှိသည့် Startup ကုမ္ပဏီ Xpeng Motors ကလည်း ၎င်း၏ မောင်းသူမဲ့စနစ် XNGP အား ကိုယ်တိုင် တီထွင် ဖန်တီးသွားမည်ဖြစ်ပြီး အဆိုပါစနစ်တွင် ကင်မရာများနှင့် Data ကောက်ယူကာ လမ်းကြောင်းရှာဖွေရေးအတွက် 3D မြေပုံအား အချိန်နှင့်တပြေးညီ ရေးဆွဲ ထုတ်လုပ်ပေးနိုင်သည့် နည်းပညာများ ပါဝင်မည် ဖြစ်သည်ဟု ဆိုသည်။ 


Source - Nikkei Asia

Read 208 times