ဓာတ်ဆီ၊ ဟိုက်ဘရစ် မော်ဒယ်များဖြင့် အင်ဒိုနီးရှား စျေးကွက်တစ်ခုလုံးကို ဂျပန်ကားများ  လွှမ်းမိုးထားဆဲ


ဓာတ်ဆီ၊ ဟိုက်ဘရစ် မော်ဒယ်များဖြင့် အင်ဒိုနီးရှား စျေးကွက်တစ်ခုလုံးကို ဂျပန်ကားများ  လွှမ်းမိုးထားဆဲ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၀ ရက်တွင် စတင်ပြသခဲ့သော အင်ဒိုနီးရှား မော်တော်ကားပြပွဲမှာ တရုတ်ကားထုတ်လုပ်သူတွေက ၎င်းတို့၏ နောက်ဆုံးပေါ် လျှပ်စစ်ကားမော်ဒယ်များကို ပြသခဲ့ကြသည်။

အရှေ့တောင်အာရှမှာ အကြီးဆုံး နိုင်ငံစီးပွားရေးဖြစ်သော အင်ဒိုနီးရှားနိုင်ငံ၏ ကားအသစ်ဈေးကွက်ကို ဂျပန်ကားထုတ်လုပ်သူများက ကြီးစိုးထားသော်လည်း အီးဗီကဏ္ဍတွင် အားနည်းနေပြီး နောက်ကျကျန်ရစ်သည်။ ထိုပျော့ကွက်ကုိ တရုတ်အီးဗီထုတ်လုပ်သူများနှင့် တောင်ကိုရီးယား ကားထုတ်လုပ်သူတို့က ထိုးဖောက်ဝင်ရောက်ကာ အီးဗီကဏ္ဍကို စိုးမိုးထားကြသည်။

 ဂျပန်ကားထုတ်လုပ်သူတို့သည် ဓာတ်ဆီအင်ဂျင်ပါသောကားများ၊ ဘက်ထရီပါဝါနှင့် ဓာတ်ဆီအင်ဂျင်ပါဝါ တွဲသုံးသော ဟိုက်ဘရစ်များဖြင့် အင်ဒိုနီးရှား ကားဈေးကွက် တစ်ခုလုံးအနေဖြင့် ကြီးစိုးလွှမ်းမိုးထားဆဲ ဖြစ်သည်။
 အင်ဒိုနီးရှား ကားဈေးကွက်၏ ၉၀% ကျော်ကို ဂျပန်ကားထုတ်လုပ်သူတို့က ဈေးကွက်ဝေစု ရရှိထားသည်။ သို့သော် အီးဗီကဏ္ဍတွင် တရုတ်နှင့် တောင်ကိုရီးယား ကားထုတ်လုပ်သူတို့က ဦးဆောင်နေသည်။  အီးဗီကဏ္ဍတွင် ဂျပန်ကုမ္ပဏီများ နောက်ကျနေသည်။

အင်ဒိုနီးရှားနိုင်ငံ မော်တော်ယာဉ်အသင်း Gaikindo ၏ အဆိုအရ  အင်ဒိုနီးရှားမှာ ကားများ တပ်ဆင်ထုတ်လုပ်သည့် တရုတ်မှ Wuling Motors သည် ယခင်နှစ် အီးဗီကဏ္ဍ ရောင်းအား ၇၈% ကို ရရှိခဲ့သည်။ တောင်ကိုရီးယားမှ Hyundai Motor က ၂၀% ရရှိသည်။ ဂျပန်မှ Toyota သည် Lexus အပါအဝင် ၁.၄% မျှသာ ရရှိသည်။ 

အင်ဒိုနီးရှားတွင် အီးဗီ စက်ရုံတစ်ခုရှိသည့် Wuling သည် Air EV hatchback ကို အင်ဒိုနီးရ‌ှားတွင် စတင်ထုတ်လုပ်ပြီး ကတည်းက လျှပ်စစ်ကားကဏ္ဍတွင် ဈေးကွက်ဝေစု အများဆုံး ထိပ်တန်းနေရာကို လျင်မြန်စွာသိမ်းပိုက်နိုင်ခဲ့သည်။
Wuling သည် အင်ဒိုနီးရှားတွင် ကားစီးရေ ၁၁,၀၀၀ ဝန်းကျင် ထုတ်လုပ်ခဲ့ပြီးပြီဖြစ်သည်။ အစီး ၄၀၀ ဝန်းကျင်ကုိ ထိုင်းနှင့် နီပေါ အပါအဝင် အာရှနိုင်ငံများသို့ တင်ပို့ခဲ့သည်။ အင်ဒိုနီးရှားသည် လက်ဝဲကပ်မောင်းစနစ် ကျင့်သုံးသဖြင့် စတီယာရင် ယာဘက်မှာ ထားသည့် ကားများ ထုတ်လုပ်ပြီး အာရှမှ လက်ဝဲကပ်မောင်းစနစ် ကျင့်သုံးသည့် နိုင်ငံများသို့ တင်ပို့ခဲ့ခြင်း ဖြစ်သည်။

အင်ဒိုနီးရှားတွင် အီးဗီကဏ္ဍသည် သေးငယ်နေဆဲ ဖြစ်သည်။ ကားအမျိုးစုံ ရောင်းအားစုစုပေါင်း၏ ၁.၁၆% မျှသာ ရှိသည်။  Gaikindo မှ အချက်အလက်များအရ ယခုနှစ် ပထမနှစ်ဝက်တွင် စုစုပေါင်း အစီးရေ ၅ သိန်းကျော် (၅၀၂,၅၃၆) ရောင်းချခဲ့ရာ၌ အီးဗီအစီးရေ ၅ ထောင်ကျော် (၅,၈၄၉) မျှသာ ပါဝင်သည်။

 

Toyota Motor သည် ဟိုက်ဘရစ်ဖြင့် ခရီးတွင်နေဆဲ ဖြစ်သည်။ Alphard မီနီဗင် ဟိုက်ဘရစ် ဗာရှင်းအသစ် ရောင်းချဖို့ စီစဉ်နေကြောင်း ကြေညာခဲ့သည်။
Lexus က ဟိုက်ဘရစ် LM မော်ဒယ်ကို အစောဆုံး အနေဖြင့် အောက်တိုဘာလတွင် စတင်ရောင်းချမည်ဟု ကြေညာသည်။

တရုတ်ကားလုပ်ငန်းများသည် အီးဗီကိုသာ စူးစိုက်ထားကြသည်။
Gaikindo Indonesia International Auto Show တွင် တရုတ်ကားလုပ်ငန်း SAIC က ၎င်း၏ Maxus အမှတ်တံဆိပ်က အပြည့်အဝ လျှပ်စစ်ကားစစ်စစ် Mifa 9 ကို အင်ဒိုနှီးရှားတွင် နောက်နှစ် ပထမနှစ်ဝက်မှာ ‌စတင်ရောင်းချမည်ဟု ကြေညာသည်။ ယခုနှစ်ကုန်တွင် အင်ဒိုနှီးရှားမှာ ကားစက်ရုံ တစ်ရုံ စတင်ဆောက်လုပ်မည် ဖြစ်သည်။ 
တရုတ်ကားလုပ်ငန်း  Chery Automobile က Omoda 5  အီးဗီများကို CKD complete knock down  ဖြင့် အင်ဒိုနှီးရှားသို့ တင်သွင်းပြီး တပ်ဆင်ထုတ်လုပ်မည်ဟု ကြေညာသည်။

တရုတ်မှ Neta Auto သည်  Neta V လျှပ်စစ်ကားအတွက် အမှာစာများကို စတင်လက်ခံနေပြီး အောက်တိုဘာလတွင် မှာကြားသူများထံ စတင်အပ်နှံရန် စီစဉ်ထားသည်။


Hozon Neta V အင်ဒိုနီးရှားတွင် ဈေးစဖွင့် အမှာစာ စတင်လက်ခံ
https://www.automobiledirectory.com.mm/article/hozon-neta-v.html


 


တောင်ကိုရီးယား Hyundai က Ioniq 6 EV စီးရီးကို အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျဗားရှိ Hyundai ကားစက်ရုံတွင် ယခုနှစ်အတွင်း စတင်ထုတ်လုပ်ပြီး ရောင်းချမည်။ 

Source Asia nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1401 times