တိုယိုတာက Alphard နဲ့ Land Cruiser စက်ရုံ ယာယီရပ်နား


တိုယိုတာက Alphard နဲ့ Land Cruiser စက်ရုံအတွက် လိုအပ်တဲ့ စက်အစိတ်အပိုင်းများ အလုံအလောက် မရရှိတဲ့အတွက် ယာယီရပ်နားထားလိုက်ပါတယ်။ 
တိုယိုတာက ကမ္ဘာဆီမီးကွန်ဒတ်တာ ချစ်ပ် အလုံအလောက် မရရှိတဲ့ ပြဿနာကို ရင်ဆိုင်ဖြေရှင်းနေစဉ်မှာ အရှေ့တောင်အာရှမှာ  COVID-19 ကူးစက်မှု လှိုင်းထတဲ့အတွက် တိုယိုတာအတွက် စက်ပစ္စည်းထုတ်လုပ်ပေးနေတဲ့ စက်ရုံတွေ ရပ်နားထားရတာကြောင့် ဂျပန်နိုင်ငံရှိ တိုယိုတာ ကားစက်ရုံများအတွက် စက်အစိတ်အပိုင်းများ အလုံအလောက် ပေးနိုင်ခြင်း မရှိတော့တဲ့ ပြဿနာကို ရင်ဆိုင်ရတယ်။ စက်အစိတ်အပိုင်းများ အလုံအလောက် မရရှိနိုင်တော့အတွက် ဂျပန်နိုင်ငံမှာ တည်ရှိတဲ့ တိုယိုတာကားစက်ရုံ သုံးခုအနက် Fujimatsu Plant ကို ၅ ရက် ယာယီရပ်ဆိုင်းထားလိုက်ပါတယ်။ 
တိုယိုတာရဲ့  ဖူဂျီမတ်စုစက်ရုံမှာ MPV (Multi-Purpose Vehicle)တွေကို ထုတ်လုပ်လျက်ရှိရာ နာမည်ကြီး  Alphard လည်း ပါဝင်ပါတယ်။  Alphard အပြင် Vellfire, Noah, Voxy နဲါ့ Esquire ထုတ်လုပ်မှုတွေကိုလည်း ယာယီရပ်ဆိုင်းထားလိုက်တာ ဖြစ်ပါတယ်။ 
နောက်ထပ် တိုယိုတာကားစက်ရုံတစ်ခု ဖြစ်တဲ့ Tahara Plant ကိုတော့ ၃ ရက် ရပ်ဆိုင်းထားလိုက်ပါတယ်။ အဲဒီစက်ရုံမှာ ထုတ်လုပ်တဲ့ Lexus LS, IS, RC, RC F နဲ့ NX  မော်ဒယ်တွေ အကုန်လုံး ရပ်ဆိုင်းထားလိုက်တာ ဖြစ်ပါတယ်။ 
နောက်ထပ် တိုယိုတာကားစက်ရုံတစ်ခု ဖြစ်တဲ့ Yoshiwara Plant ကို ၂ ရက် ရပ်ဆိုင်းပါတယ်။ Land Cruiser 300, LX  နဲ့  Land Cruiser 70 မော်ဒယ်တွေ ထုတ်လုပ်တဲ့ စက်ရုံ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံမှ တိုယိုတာကားစက်ရုံတွေဖြစ်ကြတဲ့ Ban Pho Plant, Samrong Plant နဲ့ Gateway Plant တို့
ကိုလည်း ယာယီရပ်နားထားပါတယ်။ အဓိကာအားဖြင့် Corolla နဲ့ Hilux ကားတွေ ထုတ်လုပ်မှု ရပ်ဆိုင်းသွားပါတယ်။ 

တိုယိုတာကားစက်ရုံတွေ ဖိလစ်ပိုင်မှာလည်း တည်ရှိပြီး  Land Cruiser 300 နဲ့ Lexus NX တို့ကို ထုတ်လုပ်ပါတယ်။ လောလောဆယ်မှာတော့ ပုံမှန်လုပ်ကိုင်လျက် ရှိပြီး ကိုဗစ်ကူးစက်မှု ဆက်လက်ပြင်းထန်နေရင်တော့ ယာယီရပ်ဆိုင်းထားပါလိမ့်မယ်။
 

Read 8573 times