ပါရီမြို့မှာ BYD က အီးဗီ မော်ဒယ် ၃ မျိုး ပွဲထုတ်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တရုတ်ပြည်တွင်းဈေးကွက်ရှိ စွမ်းအင်သစ်သုံးမော်တော်ယာဉ် new energy vehicle ကဏ္ဍတွင် ဦးဆောင်နေသည့် BYD သည် ဥရောပဈေးကွက်တွင် လွန်ခဲ့သည့် ၂ နှစ်က မိတ်ဆက်ကြေညာခဲ့ပါသည်။ ယခုနှစ်မှ ဥရောပဈေးကွက်ထဲသို့ အီးဗီမော်ဒယ် ၃ မျိုးဖြင့် လက်တွေ့မောင်းဝင်ပါသည်။ ၎င်း မော်ဒယ် ၃ မျိုးမှာ
Atto 3 crossover အရွယ်သေး
Han sedan
Tang SUV အရွယ်ကြီး
တို့ ဖြစ်ပြီး Paris Motor Show တွင် ပွဲထုတ်ခဲ့ပါသည်။
BYD Atto 3 ကို မူလက ၂၀၂၁ တွင် တရုတ်ပြည်တွင်းဈေးကွက်မှာ မော်ဒယ် Yuan Plus အမည်ဖြင့် စတင်ရောင်းချခဲ့ပါသည်။ ပလက်ဖောင်းမှာ e-Platform 3.0 ဖြစ်ပါသည်။
အရွယ်အစားမှာ
အလျား 4,455 mm (175.4 inches)
အကျယ် 1,875 mm (73.8 inches)
အမြင့် 1,615 mm (63.6 inches)
ရှေ့နောက်ဘီး၂ခုကြား အကွာအဝေး wheelbase 2,720 mm (107.1 inches) ဖြစ်ပါသည်။
ထိုအရွယ်အစားသည် ဉရောပတွင် ရေပန်းစားသော compact SUV အရွယ်သေး မော်ဒယ်များ၏ အရွယ်အစား ဖြစ်ပါသည်။
တရုတ်တွင် ဗားရှင်း ၃ မျိုး ထုတ်လုပ်ရောင်းချပါသည်။ ဥရောပတွင် European Atto 3 သည် ရှေ့ဘီးယက် မော်တာ 201 hp (150 kW / 204 PS)တပ်ဆင်ပေးထားသည်။ BYD မှ ထုတ်လုပ်သော BYD Blade ဘက်ထရီ သုံးစွဲထားပြီး 60.48 kWh ဘက်ထရီဖြစ်ပါသည်။ ခရီးတာ 420 km (261 miles) သွားနိုင်ပါသည်။
ဘေးကင်းရေး ကြံ့ခိုင်ရေးကို Euro NCAP အအစ်ဆေးခံခဲ့ရာ ကြယ် ၅ ပွင့် ရရှိပါသည်။
.
အိမ်စီးပြိုင်ကားဆန်ဆန် BYD Han ကို ၂၀၂၀ ပြည့်နှစ်တွင် ထုတ်လုပ်ခဲ့ပါသည်။ တရုတ်ဈေးကွက်တွင် ပလပ်ထိုး ဟိုက်ဘရစ်နှင့် အီးဗီစစ်စစ် ၂ မျိုး ထုတ်လုပ်ရောင်းချသည်။ ဥရောပတွင် အီးဗီတစ်မျိုးတည်းကိုသာ ဈေးကွက်တင်ပါသည်။ Tesla Model S.နှင့် ဆင်ဆင်တူပါသည်။
အရွယ်အစားမှာ
အလျား 4,995 mm (196.7 inches)
အကျယ် 1,910 mm (75.2 inches)
အမြင့် 1,495 mm (58.9 inches)
ရှေ့နောက်ဘီး၂ခုကြား အကွာအဝေး wheelbase 2,920 mm (115 inches)
ဖြစ်ပါသည်။
BYD Han သည် ၄ ဘီးယက် ဖြစ်ပြီး မော်တာကို ရှေ့တစ်လုံး၊ နောက်တစ်လုံး တပ်ဆင်ထားသည်။ မော်တာ ၂ လုံးပေါင်း 510 hp (380 kW / 517 PS) အထိ ရနိုင်ပါသည်။ 0-100 km/h (0-62 mph) ကို 3.9 စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်သည်။
85,4 kWh BYD Blade ဘက်ထရီ သုံးထားပါသည်။ ခရီးတာ 521 km (324 miles) အထိ သွားနိုင်ပါသည်။
BYD Tang မှ ထိုင်ခုံတန်း ၃ ခုပါ SUV အကြီးစား ဖြစ်ပါသည်။ Tesla Model Y နှင့် Model X ကြားတွင်ရှိသော ဒီဇိုင်း ဖြစ်ပါသည်။
မော်ဒယ် ၃ မျိုးတွင် သက်တမ်းအရင့်ဆုံး ဖြစ်ပါသည်။ တရုတ်ပြည်တွင် ၂၀၁၈ ခုနှစ် ကတည်းက စတင်ရောင်းချခဲ့ပါသည်။ ၂၀၂၁ တွင် ရှေ့မျက်နှာစာ ဒီဇိုင်းပြောင်းပေးပါသည်။
အရွယ်အစားမှာ
အလျား 4,870 mm (191.7 inches)
အကျယ် 1,950 mm (76.8 inches)
အမြင့် 1,725 mm (67.9 inches)
ရှေ့နောက်ဘီး၂ခုကြား အကွာအဝေး wheelbase 2,820 mm (111 inches)
ဖြစ်ပါသည်။
Han အတိုင်း ၄ ဘီးယက်၊ မော်တာ ၂ လုံး ထိုင်ပေးထားပြီး 510 hp (380 kW / 517 PS) အထိ ရနိုင်ပါသည်။ 86,4 kWh ဘက်ထရီ ထည့်ပေးထားသဖြင့် Han ထက် သာပါသည်။ သို့သော် ခရီးတာ 400 km (249 miles) အထိမျှသာ သွားနိုင်သဖြင့် Han ထက် သိသိသာသာ နည်းပါသည်။
BYD က ၂၀၂၃ တွင် ဥရောပ ဈေးကွက်သို့ Seal sedan ကို မိတ်ဆက်မည် ဖြစ်ပါသည်။
ထို့ပြင် BYD Dolphin ကိုလည်း မိတ်ဆက်ဖို့ ရည်မှန်းထားပါသည်။
Source carscoops
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U