မလေးရှားဈေးကွက် BYD Atto 3 စတင်ဈေးဖွင့်


မလေးရှားဈေးကွက် BYD Atto 3 စတင်ဈေးဖွင့်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

BYD သည် မလေးရှားဈေးကွက်တွင် Atto 3  ပုံမှန်ခရီးတာနှင့် ခရီးဝေးခရီးတာ ဗားရှင်းနှစ်မျိုးကို စတင်ဈေးဖွင့်လိုက်ပါတယ်။
Atto 3  ပုံမှန်ခရီးတာဗားရှင်း ကို မလေးရှားရင်းဂစ် ၁၄၉,၈၀၀($34,050) ဖြင့် ဈေးဖွင့်ပါတယ်။
ခရီးဝေးခရီးတာ ဗားရှင်းကို ရင်းဂစ် ၁၆၇,၈၀၀ ဖြင့် ဈေးဖွင့်ပါတယ်။

BYD က ၂၀၁၄ ခုနှစ်တွင် မလေးရှားဈေးကွက်သို့ ဝင်ရောက်လာခဲ့ပြီး လုပ်ငန်းသုံးယာဉ်များကိုသာ ရောင်းချပါတယ်။ လျှပ်စစ်ဘတ်စ်ကားများကို မလေးရှားနိုင်ငံ ပြည်တွင်း၌ တပ်ဆင်ခြင်းဖြင့် မလေးရှားစျေးကွက်တွင် ကြီးထွားလာခဲ့ပါတယ်။
မလေးရှားတွင် BYD က လျှပ်စစ်ဘတ်စ်ကားများ၊ တက္ကစီများ၊ forklift များနှင့် အီလက်ထရွန်းနစ် ပစ္စည်းများ ရောင်းချခဲ့ပါတယ်။  ဘက်ထရီနှင့် ဆန်းသစ်သော စွမ်းအင်ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တပ်ဆင်ခြင်း လုပ်ငန်းများကို လည်း မလေးရှားနိုင်ငံတွင် ဆောင်ရွက်လျက်ရှိပါတယ်။
ဒီဇင်ဘာ ၈ ရက်တွင် ကွာလာလမ်ပူမြို့တော်မှာ Atto 3 မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၎င်းရဲ့ ပထမဆုံး ကမ္ဘာလုံးဆိုင်ရာ မော်ဒယ် Atto 3 ကို မလေးရှားပြည်တွင်းတွင် မိတ်ဆက်ခြင်းဖြင့် မလေးရှား အိမ်စီးကား စျေးကွက်သို့ တရားဝင် ဝင်ရောက်လိုက်ပါတယ်။

BYD Atto 3 အတွက် ပြည်တွင်း အရောင်းကိုယ်စားလှယ် Sime Darby Motors က BYD စွမ်းအင်သစ်ကားများကို တင်သွင်းရောင်းချဖို့ အောက်တိုဘာလမှာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံတွင် Yuan Plus မော်ဒယ်အမည်ဖြင့် ရောင်းချနေတဲ့  BYD Atto 3 ကို ဖေဖော်ဝါရီ ၁၉ ရက်တွင် တရုတ်ပြည်တွင်းဈေးကွက်မှာ စတင်ရောင်းချခဲ့ပါတယ်။ လက်ရှိတွင် ယွမ် ၁၃၇,၈၀၀ (ဒေါ်လာ ၁၉,၈၀၀)  ဈေးနှုန်းရှိပါတယ်။ တရုတ်နိုင်ငံမှာ စတင်ရောင်းချချိန်မှာ ဩစတေးလျနိုင်ငံတွင် ကြိုတက်အမှာစာ စတင်လက်ခံခဲ့ပါတယ်။

Atto 3 က BYD ရဲ့ ပထမဆုံး ကမ္ဘာလုံးဆိုင်ရာ မော်ဒယ် ဖြစ်ပါတယ်။
BYD Atto 3 ကို နယူးဇီလန်၊ ထိုင်း၊ လာအို၊ အိန္ဒိယ၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ ကော်စတာရီကာ နှင့် ဥရောပအပါအဝင် နိုင်ငံအတော်များများတွင် ရောင်းချနေပါတယ်။ 

 အရွယ်အစားမှာ အလျား 4,455 mm ၊ အကျယ် 1,875 mm ၊ အမြင့် 1,615 mm ၊ ရှေ့နှင့်နောက် ဘီး၂ခုကြား အကွာအဝေး 2,720 mm ဖြစ်ပါတယ်။
မော်တာက ပါဝါ 150 kW ၊ ရုန်းအားက 310 Nm အထိ ထုတ်ပေးနိုင်ပါတယ်။ 0-100 km/h ကို ၇.၃ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်ပါတယ်။
Atto 3 မိတ်ဆက်ပွဲမှာ BYD က Dolphin နှင့်  Seal မော်ဒယ်များကိုလည်း ပြသခဲ့ပါတယ်။
Source cnvepost

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1069 times