ထိုင်းကားဈေးကွက်မှာ BYD ရဲ့ ATTO3 နှင့် ထိပ်တိုက်ယှဉ်ပြိုင်ရမည့် bZ4X ကို Toyota စတင်ရောင်းချ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Toyota သည် ခရီးတာ ဝေးဝေးသွားနိုင်သည့် အီးဗီ bZ4X မော်ဒယ်ဖြင့် ထိုင်းနိုင်ငံ၏ အီးဗီ စျေးကွက်ထဲသို့ ဝင်ရောက်လာသည်။
ဂျပန်အီးဗီများတွင် ထိုင်းအစိုရ၏ အီးဗီဖွံ့ဖြိုးရေး အထောက်အပံ့ အဦးဆုံး ရရှိသည့် ကားမောဒယ် ဖြစ်သည်။
Toyota Motor က ၂၀၂၂ နိုဝင်ဘာလ ၉ ရက်တွင် ၎င်း၏ ပထမဆုံး အမြောက်အမြားထုတ်လုပ်သည့် အီးဗီမော်ဒယ် bZ4X ကို ထိုင်းနိုင်ငံတွင် စတင်ရောင်းချသည်။ Toyota အဖို့ အရေးပါသည့် ဈေးကွက်ဖြစ်ပြီး Toyota က ကာလရှည်ကြာ ကြီးစိုးထားသော ဈေးကွက်လည်းဖြစ်သည့် ထိုင်းကားဈေးကွက်တွင် ထိုင်းအစိုးရ၏ အီးဗီအထောက်အပံ့ကို ရယူပြီး bZ4X ကို စတင် ရောင်းချသည်။
အရောင် ၆ မျိုး ထုတ်လုပ်ထားပြီး ရောင်းဈေးမှာ ဘတ် ၁၈ ဒသမ ၃ သိန်း ($49,900) ဖြစ်သည်။ အဝေးဆုံး သွားနိုင်သည့် ခရီးတာမှာ ကီလိုမီတာ ၄၀၀ ဖြစ်သည်။
၂၀၂၂ ဖေဖော်ဝါရီလတွင် ထိုင်းအစိုးရသည် လျှပ်စစ်ကားတစ်စီးလျှင် ဘတ် ၁၅၀,၀၀၀ အထိ ထောက်ပံ့မှုများ ပေးခဲ့သည်။ Toyota သည် ၎င်းအထောက်အပံ့အတွက် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့်အတွက် bZ4X ဝယ်ယူသူတိုင်းကို ထောက်ပံ့ကြေးပမာဏကို နုတ်ပယ်ပေးနိုင်မည် ဖြစ်သည်။
.
Toyota သည် ထိုင်းကားဈေးကွက်တွင် ထိပ်ဆုံးမှာ ရောက်ရှိနေသည်။ ၂၀၂၁ တွင် စီးရေ ၂၄၀,၀၀၀ ရောင်းချခဲ့သည်။
ယခု အီးဗီ တစ်မျိုးထပ်တိုးသဖြင့် ထိပ်ဆုံးနေရာအတွက် ပိုခိုင်မာသွားစေမည် ဖြစ်သည်။
သို့သော် bZ4X သည် လျှပ်စစ်ကားစစ်စစ် ဖြစ်နေသဖြင့် တရုတ်အီးဗီများကို အကြိတ်အနယ် ယှဉ်ပြိုင်ရလိမ့်မည်။ အထူးသဖြင့် ကမ္ဘာ့စတုတ္ထအကြီးဆုံး အီးဗီကုမ္ပဏီ BYD Auto ၏ ATTO3 နှင့် ထိပ်တိုက်ယှဉ်ပြိုင်ရလိမ့်မည်။
.
ATTO3 သည် လျှပ်စစ် SUV အသေးစား ဖြစ်ပြီး ရောင်းဈေး ဘတ် ၁၂ သိန်း ဖြစ်သည်။
ATTO3 သည် ထိုင်းဈေးကွက်ထဲသို့ bZ4X ထက် ရက်ပိုင်း ပိုစောပြီး ဝင်ရောက်ခဲ့သည်။ လက်ဦးမှု ရယူထားသည်။ ရောင်းဈေးက bZ4X ထက် သက်သာသည်။
Source Asia nikkei
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U