အီလွန်မတ်စ်ကို မပြိုင်လိုသဖြင့် BYD ရှယ်ယာမများ ရောင်းထုတ်ဟု ဝါရင်ဘတ်ဖတ် ပြောကြား
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Berkshire Hathaway သည် ဟောင်ကောင်စတော့အိပ်ချိန်း စာရင်းဝင် BYD ၏ ရှယ်ယာများ ခုရေ ၁.၉၆သန်းကို မေလ ၂ ရက်တွင် ရောင်းချခဲ့သည်။
.
ကမ္ဘာ့ထိပ်တန်း ရင်းနှီးမြှုပ်နှံသူ ဝါရင်ဘတ်ဖတ် Warren Buffett ပဲ့ကိုင်သည့် Berkshire Hathaway က တရုတ်ကားထုတ်သူ BYD ရှယ်ယာများကို အကြိမ်ကြိမ် ထုတ်ရောင်းခဲ့ပြီး ယခုအခါ ၁၀% အောက်မျှသာ ရှယ်ယာပိုင်ဆိုင်တော့သည်။
ဝါရင်ဘတ်ဖတ် နှင့် ချာလီ မန်ဂါတို့က သူတို့သည် အီလွန်မတ်စ် Elon Musk ကို မပြိုင်ချင်သဖြင့် အီလွန်မတ်စ်၏ Tesla ၏ ပြိုင်ဘက်ဖြစ်သော BYD ၏ အစုရှယ်ယာများကို ရောင်းထုတ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
.
Elon Musk သည် သူ့ကိုယ်သူ လွန်ကဲစွာ တွက်ဆနေသလားဟု ၎င်းတို့ နှစ်ဦးကို မေးမြန်းခဲ့ကြသည်။
.
Musk သည် သူ့ကိုယ်သူ လွန်ကဲစွာ တွက်ဆနေသူဖြစ်သင့်သည်၊ သူသည် မယုံနိုင်လောက်အောင် ထက်မြက်ပြီး ဉာဏ်ကျယ်သူ ဖြစ်သည်၊ သူ့ကိုယ်သူ လွန်ကဲစွာ တွက်ဆထားသောကြောင့်လည်း အောင်မြင်မှုများစွာ ရရှိထားခြင်းဖြစ်နိုင်သည်ဟု ၎င်းတို့က ဖြေကြားခဲ့ကြသည်။
“တကယ်လို့ လွန်လွန်ကဲကဲ ရည်မှန်းချက်တွေကို သူမကြိုးစားခဲ့ရင် ဘဝမှာ သူ့ရရှိခဲ့တဲ့အရာတွေကို အောင်မြင်မှာ မဟုတ်ပါဘူး။ မဖြစ်နိုင်တဲ့အလုပ်ကို တာဝန်ယူရတာ ကြိုက်တယ်။ ပြီးရင် အဲဒါကို သူလုပ်တော့တာပဲ" ဟု မန်ဂါက ပြောကြားသည်။
.
Berkshire Hathaway သည် BYD ရှယ်ယာများကို ၂၀၀၈ ခုနှစ်တွင် ဒေါ်လာ ၂၃၂ သန်းဖိုး ဝယ်ယူခဲ့သည်။
၂၀၂၁ ခုနှစ်နှောင်းပိုင်းတွင် Berkshire သည် BYD ၏ ၂၁% ကို ပိုင်ဆိုင်သည်။ တန်ဖိုးမှာ ကန်ဒေါ်လာ ၇ ဘီလီယံကျော် ဖြစ်နေပြီ ဖြစ်သည်။
၎င်းတို့နှစ်ဦးသည် ရှယ်ယာများ ထုတ်ရောင်းခြင်းဖြင့် အမြတ်များ ကန်ဒေါ်လာ ဘီလီယံချီ ရရှိခဲ့ကြသည်။
.
Source markets business insider
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U