တရုတ် အီးဗီ ကုမ္ပဏီ BYD က ဗီယက်နမ်တွင် ယာဉ်အစိတ်အပိုင်း စက်ရုံ တည်ဆောက်မည်


တရုတ် အီးဗီ ကုမ္ပဏီ BYD က ဗီယက်နမ်တွင် ယာဉ်အစိတ်အပိုင်း စက်ရုံ တည်ဆောက်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တရုတ်လျှပ်စစ်ကား ထုတ်လုပ်သူ BYD Auto သည် ဗီယက်နမ်တွင် ကားအစိတ်အပိုင်းများ ထုတ်လုပ်ရန်အတွက် စက်ရုံတစ်ရုံ တည်ဆောက်ရန် စီစဉ်နေသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။ 

ကုမ္ပဏီ၏ တရုတ်နိုင်ငံအပေါ် မှီခိုအားထားမှုကို လျှော့ချရန်နှင့် ကမ္ဘာလုံးဆိုင်ရာ တိုးချဲ့မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အရှေ့တောင်အာရှရှိ ၎င်း၏ ထောက်ပံ့ရေးကွင်းဆက်ကို ထဲထဲဝင်ဝင် ဖြစ်စေမည့် အရွေ့တစ်ခုဖြစ်ပါသည်။

 ဗီယက်နမ်မြောက်ပိုင်းတွင် BYD က အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကျော် ရင်းနှီးမြှုပ်နှံမှုပါမည်။

BYD သည် ဗီယက်နမ်နှင့် အစိမ်းသက်သက်တော့ မဟုတ်ချေ။ လက်ရှိတွင် BYD ၏ အီလက်ထရွန်းနစ် လုပ်ငန်းခွဲတစ်ခုသည် ဗီယက်နမ်တွင် ဆိုလာပြားများ ထုတ်လုပ်လျက်ရှိသည်။ အဆိုပါစက်ရုံ အကျယ်အဝန်းသည် ၆၀ ဟက်တာရှိပြီး နှစ်ရှည်ငှားရမ်းထားခြင်း ဖြစ်ပါသည်။ 

BYD သည် ဗီယက်နမ်တွင် စက်ရုံတည်ဆောက်ရန် းအတွက် စက်မှုလုပ်ငန်းမြေအမျိုးအစား ၈၀ ဟက်တာကို နှစ်ရှည်ငှားရမ်းရန် မြေနေရာ ရှာဖွေ ရွေးချယ်နေပါသည်။ ၂၀၂၃ နှစ်လယ်ပိုင်းတွင် စတင်ဆောက်လုပ်ရန် လျာထားပါသည်။ 

BYD သည် ဗီယက်နမ်တွင် မည်သည့်ယာဉ်အစိတ်အပိုင်းများ ထုတ်လုပ်မည်ဆိုသည်ကို ကြေညာသေးပါ။

BYD သည် ထိုင်းနိုင်ငံတွင် အီးဗီစက်ရုံတစ်ခု ထားရှိမည်ဖြစ်ရာ ၎င်းစက်ရုံအတွက် ယာဉ်အစိတ်အပိုင်းများကို ဗီယက်နမ်တွင် ထုတ်လုပ်ပြီး ထိုင်းစက်ရုံသို့ ပေးပို့မည် ဖြစ်သည်။

တရုတ်နိုင်ငံတွင် ထုတ်လုပ်ပြီး ဗီယက်နမ်သို့ တင်သွင်း ရောင်းချထားသော BYD မော်တော်ယာဉ်များအတွက်လည်း ပြုပြင်ထိန်းသိမ်းရေးအတွက်လည်း ဗီယက်နမ်စက်ရုံမှ ထုတ်လုပ်သည့် ယာဉ်အစိတ်အပိုင်းများကို လိုအပ်သည့်အခါ သုံးစွဲမည် ဖြစ်သည်။ 
Source: Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 


 

Read 712 times