စင်ကာပူတွင် BYD နောက်ဆုံးထုတ်မော်ဒယ် လျှပ်စစ်ဘတ်စ်များ ပြေးဆွဲ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
BYD B12 ကို တရုတ်နိုင်ငံမှ ဘတ်စ်ကား ထုတ်လုပ်ရေးလုပ်ငန်း BYD Auto Industry မှ ထုတ်လုပ်ပါတယ်။
၂၀၂၂ မှာ BYD ရဲ့ နောက်ဆုံးထုတ်မော်ဒယ်ဖြစ်ပြီး ကုမ္ပဏီဂုဏ်ဆောင် အထင်ကရ မော်ဒယ် ဖြစ်ပါတယ်။ တံခါး ၃ ပေါက်၊ ကြမ်းပြင်အနိမ့် မြို့တွင်းစီး တစ်ထပ် ဘတ်စ်ကား အမျိုးအစား ဖြစ်ပါတယ်။
ယခင်က အကြီးအကျယ်အောင်မြင်ခဲ့တဲ့ BYD K9 ကို အစားထိုးမယ့် ဘတ်စ်မော်ဒယ် ဖြစ်ပါတယ်။
BYD B12 လျှပ်စစ်ဘတ်စ်ကားများကို စင်ကာပူမှ ဘတ်စ်ကား အော်ပရေတာ ComfortDelGro Bus က ဝယ်ယူပြီး သုံးစွဲပါတယ်။
.
BYD ရဲ့ ‘B-series’ လျှပ်စစ်ဘတ်စ်များကို ၂၀၂၀ ဇူလိုင် ၂၉ မှာ စတင်ရောင်းချပါတယ်။
BYD B10 မော်ဒယ်က အလျား ၁၀ မီတာ ရှိပြီး BYD B12 မော်ဒယ်က ၁၂ မီတာ ရှိပါတယ်။
BYD B12D မော်ဒယ်က ၂ ထပ်ဘတ်စ်ကား ဖြစ်ပြီး အလျား ၁၂ မီတာ ရှိပါတယ်
ယခင် K-series ကို နေရာဝင်ယူတဲ့ မော်ဒယ်များ ဖြစ်ပါတယ်။
K-series မှာ သက်တမ်းအကြာဆုံးက BYD K9 ဖြစ်ပြီး ၂၀၁၀ မှာ စတင်ထုတ်လုပ် ရောင်းချခဲ့ပါတယ်။ ပြည်တွင်းနှင့် ပင်လယ်ရပ်ခြား ဈေးကွက် ၂ ခုစလုံးမှာ အကြီးအကျယ် အောင်မြင်ခဲ့တဲ့ မော်ဒယ် ဖြစ်ပါတယ်။ စင်ကာပူသို့လည်း တင်ပို့ခဲ့ပါတယ်။
.
‘B-series’ မှာ မျိုးဆက်သစ် မော်တာများ သုံးထားပါတယ်။ ကိုယ်ထည်ကို ပေါ့ပါးတဲ့ အလူမီနီယမ်ကိုယ်ထည် သုံးထားလို့ ယာဉ်အလေးချိန် ၁၀% ယခင်မော်ဒယ်ထက် ပိုပေါ့ပါတယ်။
ဘက်ထရီ ပိုကောင်းလာတယ်။ ဘက်ထရီ စီမံမှုစနစ်လည်း ပိုအဆင့်မြင့်တယ်။ ဘက်ထရီ ပူတာကို ရေအအေးပေးစနစ်ဖြင့် အေးအောင် လုပ်ပေးထားတယ်။
နောက်ထပ်ထူးခြားချက်က ယာဉ်မောင်းထိုင်ခုံမှာ လေဝင်လေထွက်စနစ် ထည့်ပေးထားတဲ့အပြင် အနှိပ်ခုံအဖြစ်ဖြင့်လည်း နှိပ်ပေးနိုင်ပါတယ်။ ယာဉ်မောင်းထောက်ကူစနစ်အမျိုးမျိုးအပြင် ယာဉ်တိုက်မှုဘေးကင်းရေးစနစ် အမျိုးမျိုးလည်း ပါဝင်ပါတယ်။
စင်ကာပူမှ ကုန်လမ်းပို့ဆောင်ရေး အာဏာပိုင် Land Transport Authority က အများသုံး ဘတ်စ်ကားများရဲ့ ထက်ဝက်ကို ၂၀၃၀ မတိုင်ခင်မှာ လျှပ်စစ်ဘတ်စ်ကား ဖြစ်ဖို့ ရည်မှန်းချက် ချမှတ်ထားပါတယ်။ ဘတ်စ်ကားစီးရေ ၃,၀၀၀ ခန့် လျှပ်စစ်ဘတ်စ်ကား သုံးစွဲရမှာ ဖြစ်ပါတယ်။
Source landtransportguru
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U