BYD လမ်းကြမ်းမောင်း ပရီမီယံ မော်ဒယ်အသစ် အအေးဒဏ် စမ်းသပ်ခံရန် ပေးပို့
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
BYD ရဲ့ ပထမဆုံ ပရီမီယံမော်ဒယ် ဖြစ်တဲ့အပြင် ပထမဆုံ လမ်းကြမ်းမောင်းမော်ဒယ် ဖြစ်တဲ့ Yangwang ကို ပြင်းထန်တဲ့ ဆောင်းရာသီ ပတ်ဝန်းကျင်မှာ စမ်းသပ်ခံဖို့အတွက် အအေးဒဏ် ပြင်းထန်တဲ့ တရုတ်ပြည် အနောက်မြောက်ပိုင်းသို့ ပေးပို့ပါတယ်။
Yangwang ရဲ့ ပြင်ပသွင်ပြင်ကို ကိုယ်ထည်ဒီဇိုင်း မူပိုင်ခွင့် မှတ်ပုံတင်တဲ့ ဖိုင်မှ တစ်ဆင့် အကြမ်းအားဖြင့် သိကြရပါတယ်။
မှတ်ပုံတင်ပုံများ
အဆိုပါပုံများအရ BYD က ပရီမီံယံတန်းထဲ အဦးဆုံးဝင်ရောက်တဲ့ Yangwang ကို Land Rover Discovery နှင့် Mercedes-Benz G-class မော်ဒယ်များကို ယှဉ်ပြိုင်ရလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။
"ကျွန်ုပ်တို့၏ကားအသုံးပြုသူများကို မကြုံစဖူးအတွေ့အကြုံကို ယူဆောင်လာပါမည်။" လို့ BYD ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Shenzhen အခြေစိုက် ကားထုတ်လုပ်ရေးလုပ်ငန်းကြီး BYD တည်ထောင်သူနှင့် စီအီးအို ဘီလျံနာ Wang Chuanfu က Yangwang အမှတ်တံဆိပ် SUV ကားကို ၂၀၂၃ ပထမသုံးလပတ်တွင် ယန်း ၁ သန်း (အမေရိကန်ဒေါ်လာ ၁၄၀,၀၀၀ အထက်) စျေးနှုန်းဖြင့် ဖြန့်ချိမယ်လို့ ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကား ထုတ်လုပ်သူ BYD က ပရီမီယံ sport-utility vehicle (SUV) ဖြင့် ကားဈေးကွက်ရဲ့ ပရီမီယံအပိုင်းအကန့်ကို စျေးကွက်ချဲ့ထွင်ရန် စီစဉ်နေပါတယ်။
Yangwang က တရုတ်ရုံးသုံးဘာသာစကား ဝေါဟာရဖြစ်ပြီး 'ကောင်းကင်ကို မော့ကြည့်ခြင်း" လို့ အဓိပ္ပါယ်ရပါတယ်။
အမေရိကန်မှ Tesla နှင့်တကွ တရုတ်ပြိုင်ဘက်များဖြစ်သည့် Nio နှင့် Xpeng ကဲ့သို့သော စမတ် အီးဗီ ထုတ်လုပ်သူများက ယွမ် ၃၀၀,၀၀၀ အထက် ဈေးရှိတဲ့ ကားများကို ရောင်းချကြပါတယ်။ BYD မော်ဒယ်အများစုသည် ယွမ် ၁၀၀,၀၀၀ မှ ၂၀၀,၀၀ ယွမ်ကြားမှာပဲ ဈေးရှိပါတယ်။ ယခုမှ BYD က ယန်း ၁ သန်း ရေချိန်သို့ ခုန်တက်လိုက်တာ ဖြစ်ပါတယ်။
BYD ကို ဘက်ထရီထုတ်လုပ်ရေးလုပ်ငန်းအဖြစ် ၁၉၉၅ ခုနှစ်တွင် Wang Chuanfu က တည်ထောင်ခဲ့ပြီး ၂၀၀၃ မှာ ကားများကို စတင်ထုတ်လုပ်ခဲ့ပါတယ်။
Source scmp