အိန္ဒိယတွင် EV အစိတ်အပိုင်းများ ထုတ်လုပ်ရန် ဒေါ်လာ ၆၂၄ သန်း Toyota ရင်းနှီးမြှုပ်နှံမည်
ဂျပန်ကားထုတ်လုပ်ေရး လုပ်ငန်း Toyota Group သည် ၂၀၅၀ ခုနှစ်တွင် ကာဗွန်ထပ်မထုတ်ေရးဆီသို့ ဦးတည်လုပ်ဆောင်နေရာ၌ အိန္ဒိယနိုင်ငံတွင် လျှပ်စစ်ကားအစိတ်အပိုင်းများ ထုတ်လုပ်ရန် ရူပီ ၄၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၂၄ သန်း) ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်။
Toyota Kirloskar Motor နှင့် Toyota Kirloskar Auto Parts တို့က နားလည်မှုစာချွန်လွှာကို အိန္ဒိယနိုင်ငံ တောင်ပိုင်း အနောက်ဘက်ကမ်းရိုးတန်းရှိ ကာနာတာကာပြည်နယ်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ Toyota Group က ရူပီ ၄၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး ကျန်သည့်အပိုင်းကို Toyota Industries Engine India က ထည့်ဝင်မည် ဖြစ်သည်။
အိန္ဒိယနိုင်ငံသည် အီးဗီ ထုတ်လုပ်ရေး အချက်အချာ ဖြစ်လာရန် ရည်မှန်းချက် ထားရှိသော်လည်း တရုတ်နှင့် အမေရိကန်နိုင်ငံတို့ထက် နောက်ကျကျန်ရစ်သည်။
အိန္ဒိယနိုင်ငံတွင် ရောင်းဈေးများ ဈေးကြီးခြင်း၊ ရွေးစရာ အီးဗီမော်ဒယ် မရှိခြင်း၊ အားသွင်းရုံများ လုံလုံလောက်လောက် မရှိခြင်း တို့ကြောင့် ဘက်ထရီ လျှပ်စစ်မော်တော်ယာဉ်စစ်စစ်များ ဝယ်စီးမှု နည်းပါးနေသည်။
Toyota Group ၏ အီးဗီအစိတ်အပိုင်းများ ထုတ်လုပ်ရေး အစီအစဉ်သည် အလုပ်အကိုင် အသစ် ၃,၅၀၀ ဝန်းကျင် ရရှိမည်ဖြစ်သည်။