ပြင်သစ်မှ အီးဗီလုပ်ငန်းသစ် အမ်ပီယာတွင် ယူရို သန်း ၂၀၀ အထိ ရင်းနှီးမြှုပ်နှံမည်ဟု မစ်စူဘီရှိ ကြေညာ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
ဂျပန်မှ Mitsubishi Motors သည် ပြင်သစ်မှ Renault ၏ အီးဗီဖက်စက်လုပ်ငန်း Ampere တွင် ယူရိုသန်း ၂၀၀ (ကန်ဒေါ်လာ ၂၁၃ သန်း)အထိ ရင်းနှီးမြှုပ်နှံမည်ဟု အင်္ဂါနေ့တွင် ( အောက်တိုဘာ ၂၄) ကြေညာသည်။
အမ်ပီယာ Ampere သည် ရေးနိုး Renault နှင့် ဂျပန်မှ နီဆန်း Nissan Motor တို့က အီးဗီများသာ ထုတ်လုပ်ရန် ဖက်စပ် ထူထောင်ထားသည့် လုပ်ငန်း ဖြစ်သည်။
အမ်ပီယာက အီးဗီများ ထုတ်လုပ်ပေးမည်ဖြစ်ပြီး ၎င်းအီးဗီများကို မစ်စူဘီရှိက ဝယ်ယူပြီး ကိုယ်ပိုင်အမှတ်တံဆိပ် တပ်ပြီး ရောင်းချမည်။
မစ်စူဘီရှိသည် ကုမ္ပဏီ၏ အဓိကစျေးကွက်များဖြစ်သည့် အရှေ့တောင်အာရှနှင့် ဥရောပတို့တွင် အမ်ပီယာထံမှ ဝယ်ယူထားသော အီးဗီများကို ရောင်းချမည်။
ရေးနိုးက အီးဗီလုပ်ငန်းကဏ္ဍကို သီးခြားခွဲထုတ်ရန် ရည်ရွယ်ထားသည်။ သီးခြား ကုမ္ပဿီတစ်ခုအဖြစ် အမ်ပီယာ ရပ်တည်မည်။ အရင်းအနှီးအတွက် ၂၀၂၄ ခုနှစ်တွင် စတော့အိတ်ချိန်းမှတဆင့် ရှယ်ယာများ ရောင်းချမည်။
ရေးနိုးသည် အမ်ပီယာတွင် ရှယ်ယာ ၅၀% ကျော် ပိုင်ဆိုင်ထားမည်။
ရေးနိုးနှင့် လက်တွဲထားသည့် နီဆန်းက အမ်ပီယညတွင် ယူရို သန်း ၆၀၀ (ကန်ဒေါ်လာ ၆၄၁ သန်း) ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ထားသည်။
အမ်ပီယာတွင် အမေရိကန်မှ ချစ်ပ်မဟာလုပ်ငန်းကြီး Qualcomm Technologies ကလည်း ပူးပေါင်းပါဝင်ထားပါသည်။
Source Asia nikkei
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL