ဗီယက်နမ်တွင် အီးဗီ အစိတ်အပိုင်းများ ထုတ်လုပ်ရန် Foxconn  ဒေါ်လာ သန်း ၂၅၀ ရင်းနှီးမြှပ်နှံမည် 


ဗီယက်နမ်တွင် အီးဗီ အစိတ်အပိုင်းများ ထုတ်လုပ်ရန် Foxconn  ဒေါ်လာ သန်း ၂၅၀ ရင်းနှီးမြှပ်နှံမည် 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

 

Foxconn သည် ဗီယက်နမ်တွင် အီးဗီ နှင့် ဆက်သွယ်ရေးစက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ရန် ကန်ဒေါ်လာ သန်း ၂၅၀ ရင်းနှီးမြှပ်နှံမည် ဖြစ်သည်။


ကမ္ဘာ့အကြီးဆုံး ကန်ထရိုက်စနစ်ဖြင့် အီလက်ထရွန်နစ်ပစ္စည်း အမျိုးမျိုး တပ်ဆင်ထုတ်လုပ်သည့် Foxconn သည် လျှပ်စစ်ကားများအတွက် အစိတ်အပိုင်းများထုတ်လုပ်ခြင်းအပါအဝင် ဗီယက်နမ်တွင် စီမံကိန်း အသစ်နှစ်ခုတွင် ကန်ဒေါ်လာ သန်း ၂၅၀ ခန့် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်။

Apple  နှင့် အခြားသော အထင်ကရ အမှတ်တံဆိပ်များအတွက် အီလက်ထရွန်နစ်ထုတ်ကုန်များ တပ်ဆင်ခြင်းကို နှစ်အတန်ကြာ လုပ်ကိုင်ခဲ့ပြီးနောက်  Foxconn က အီးဗီ စက်မှုလုပ်ငန်းတွင် လည်း ပါဝင်လုပ်ကိုင်လျက်ရှိသည်။
ထိုင်ဝမ်ကုမ္ပဏီကြီး Foxconn သည် ၎င်း၏ လုပ်ငန်းခွဲ  Foxconn Singapore မှတဆင့်  ဗီယက်နမ်မြောက်ပိုင်းရှိ စက်မှုဥယျာဉ်တစ်ခုတွင် ကန်ဒေါ်လာ သန်း ၂၅၀ ခန့် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်။

 Foxconn သည် ဗီယက်နမ်တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ဝန်းကျင်က စတင်ရင်းနှီးမြှုပ်နှံခဲ့ပြီး ယခုရင်းနှီးမြှုပ်နှံမည့် ကန်ဒေါ်လာ သန်း ၂၅၀ အပါအဝင် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ကန်ဒေါ်လာ ၃ ဘီလီယံ ရှိသွားပြီ ဖြစ်သည်။
ယခုရင်းနှီးမြှုပ်နှံမှုမှ ကန်ဒေါ်လာ သန်း ၂၀၀ ခန့်ကို အီးဗီ အားသွင်းစက်များနှင့် အစိတ်အပိုင်းများ ထုတ်လုပ်မည့် စက်ရုံအသစ်အတွက် သုံးစွဲမည် ဖြစ်သည်။ ထုတ်လုပ်မှုကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် စတင်မည်။ လုပ်သားအင်အား ၁,၂၀၀ အလုပ်ခန့်ထားနိုင်မည် ဖြစ်သည်။

ကန်ဒေါ်လာ ၄၆ သန်းကို အီလက်ထရွန်းနစ် အစိတ်အပိုင်းများနှင့် ဆက်သွယ်ရေးစက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်မည့် စက်ရုံအသစ်အတွက် သုံးစွဲမည်။ ထုတ်လုပ်မှုကို ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် စတင်မည်။ 

စက်ရုံအသစ် နှစ်ရုံစလုံး Song Khoai Industrial Park တွင် တည်ဆောက်မည်။

Foxconn ၏ နောက်ထပ် အစီအစဉ်အသစ် တစ်ခုမှာ ဗီယက်နမ် အလယ်ပိုင်းမှ Nghe An ပြည်နယ်တွင် စက်ရုံအသစ်တစ်ရုံ တည်ဆောက်ရန် ဖြစ်ပြီး ကန်ဒေါ်လာ သန်း ၁၀၀ ကနဦး ရင်းနှီးမြှုပ်နှံမည်။
Source Reuters

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 646 times