တရုတ်နိုင်ငံမှ Geely က ပင်ကိုမောင်းနှင်ကားများအတွက် ဂြိုဟ်တု ၉ လုံး လွှတ်တင်
ပင်ကိုမောင်းနှင်ကားများအတွက် ကမ္ဘာပတ်လမ်း အနိမ့်တွင် ရှိနေမယ့် ဂြိုဟ်တု ၉ လုံးကို ပထမအသုတ်အဖြစ် တရုတ်နိုင်ငံမှ ထိပ်တန်း မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းက အာကာသထဲသို့ လွှတ်တင်ပါတယ်။
၂၀၂၂ ဇွန်လ ၁ ရက်မှ တရုတ်နိုင်ငံမှ Zhejiang Geely Holding Group က ပထမအသုတ် ဂြိုဟ်တုများကို အောင်မြင်စွာ လွှတ်တင်ခဲ့ပါတယ်။
ဂြိုဟ်တု ၉ လုံးကို ဒုံးပျံအတွင်း ထားသိုနေစဉ်
စုစုပေါင်း ဂြိုဟ်တု ၉ လုံးကို ကမ္ဘာပတ်လမ်းအနိမ့်ထဲသို့ ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ပင်ကိုမောင်းနှင် မော်တော်ယာဉ်များ ပိုမိုတိကျစွာ မောင်းနှင်နိုင်စေဖို့ အထောက်အကူ ပြုပေးမယ့် ဂြိုဟ်တုကွန်ရက်အတွက် ဖြစ်ပါတယ်။
ကုမ္ပဏီ ကိုယ်တိုင် ဒီဇိုင်းထုတ်ပြီး ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ GeeSAT-1 အမည်ရှိဂြိုဟ်တုများကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ စီချွမ်ပြည်နယ်မှာရှိတဲ့ ဒုံးပျံစခန်းမှ လွှတ်တင်ခဲ့ပါတယ်။
Geely က နောက်ထပ် ဂြိုဟ်တု ၆၃ လုံးကို ပတ်လမ်းထဲသို့ ၂၀၂၅ နောက်ဆုံးထားပြီး ထပ်မံ တင်လွှတ်ဖို့ အစီအစဉ် ရှိပါတယ်။ ကွန်ရက်အတွက် ဂြိုဟ်တု ၂၄၀ ပါတဲ့ ဂြိုဟ်တုအစုအဝေးကို ထားရှိမှာ ဖြစ်ပါတယ်။
Geely က နိုင်ငံပိုင်လုပ်ငန်းရဲ့ Long March 2C ဒုံးပျံဖြင့် ဂြိုဟ်တု ၉ လုံးကို လွှတ်တင်ခဲ့ပါတယ်။
ပင်ကိုမောင်းနှင် မော်တော်ယာဉ်များကို တိကျမှုမြင့်မားတဲ့ တည်နေရာ အသိပေးချက်များကို GeeSAT ဂြိုဟ်တုတွေက ပေးအပ်နေမှာ ဖြစ်တဲ့အပြင် စီးပွားဖြစ် ဆက်သွယ်ရေးကိုလည်း ဝန်ဆောင်မှုများ ပေးအပ်မှာ ဖြစ်ပါတယ်။ စက်တင်ဘာလမှာ ကျင်းပမယ့် အာရှအားကစားပွဲတော်မှာ အသုံးပြုဖို့ စီစဉ်နေပါတယ်။
GeeSAT ဂြိုဟ်တု သက်တမ်းက ၅ နှစ် ဖြစ်ပါတယ်။ သက်တမ်းကုန်ရင် ကမ္ဘာ့လေထုထဲ ဝင်လာပြီး တစ်စစီကြွေသွားမှာ ဖြစ်လို့ အာကာသထဲမှာ အမှိုက်သရိုက် အစအန ကြွင်းကျန်ရစ်မှာ မဟုတ်ပါဘူးလို့ ကုမ္ပဏီက ပြောကြားပါတယ်။
တရုတ်နိုင်ငံ ဂြိုဟ်တုကွန်ရက်ကို စစ်တပ်က ကြီးစိုးထားပါတယ်။ ၂၀၁၄ မှစ၍ အစိုးရက ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုကို စတင်ခွင့်ပြုခဲ့ပါတယ်။
ယခုအခါ အစိုးရနှင့် ပုဂ္ဂလိကဏ္ဍနှစ်ရပ်ပေါင်း ဂြိုဟ်တု ၄၀၀ ကျော် အာကာသထဲမှာ ရှိနေပါတယ်။