အိန္ဒိယအတွက် Hilux ကြိုတင်အမှာစာ လက်ခံမှု ရပ်ဆိုင်း
အိန္ဒိယဈေးကွက်အတွက် Hilux ပစ်ကပ်အသစ် booking အသစ် လက်ခံခြင်းကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းကြောင်း Toyota က အသိပေးကြေညာပါတယ်။
ချစ်ပ်တွေ အလုံအလောက်မရတဲ့ အဓိက ပြဿနာကြောင့် ထုတ်လုပ်မှုမှာ အကန့်အသတ်ဖြင့် ထုတ်လုပ်နေရတာကြောင့် Toyota က ကြိုတင်အမှာစာများ လက်ခံတာ ရပ်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တကယ်လို့ Toyota က ကြိုတင်အမှာစာ booking တွေ ဆက်လက် လက်ခံနေရင် စောင့်ရတဲ့အချိန် ပိုပိုကြာသွားဖို့ပဲ ရှိတာကြောင့် ဖြစ်ပါတယ်။
အိန္ဒိယကို CKD အဖြစ်ဖြင့် တင်သွင်းပြီး အိန္ဒိယမှ Toyota ကားစက်ရုံဖြစ်တဲ့ Karnataka ကားတွဲစပ်တပ်ဆင်ရေးစက်ရုံမှာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။
ရောင်းဈေးနဲ့ အစမ်းမောင်းကြည့်ဖို့ မတ်လမှာ စတင်မယ်လို့ အသိပေးပါတယ်။
Hilux ကို Toyota က lifestyle ပစ်ကပ်ထရပ်ကားအဖြစ် ဖန်တီးပေးထားပါတယ်။ ပြိုင်ဘက်က Isuzu D-Max V-Cross ဖြစ်ပါလိမ့်မယ်။ ဈေးကတော့ D-Max V-Cross ထက် Hilux က ဈေးပိုကြီးပါလိမ့်မယ်။
Hilux ကို double-cab တံခါး ၄ ပေါက် ပုံစံဖြင့် ဒီဇိုင်း ထုတ်ထားပါတယ်။
အင်ဂျင်တစ်မျိုးတည်းဖြင့် ထုတ်လုပ်မှာဖြစ်ပြီး 2.8-litre ဆလင်ဒါ ၄ လုံး ဒီဇယ်အင်ဂျင် ဖြစ်ပါတယ်။ ဂီယာကိုတော့ ရွေးစရာ ၂ မျိုး ရှိပါတယ်။ ၆ ချက် လက်ထိုးနှင့် ၆ ချက်အော်တို ဖြစ်ပါတယ်။
4×4 system နှင့်အတူ Active Traction Control ပါတယ်။ ကုန်ဆင်းထောက်ကူ ပါတယ်။ 4X4 Electronic Drive Switch ပါတယ်။
အရွယ်အစား ထွားကြိုင်းတယ်။
အလျား 5,325 mm
အကျယ် 1,855 mm
အမြင့် 1,865 mm
ရှိပါတယ်။
ရှေ့နဲ့နောက် ဘီးကြားအကွာအဝေး wheelbase ကို ပိုကျယ်ပေးထားတယ်လို့ ဆိုပါတယ်။
ဘီးခွေတွေက ၁၈ လက်မ အလွိုင်း ဘီးခွေ ဖြစ်ပါတယ်။
multi-information display,
automatic headlamps,
touchscreen infotainment system
Android Auto သို့မဟုတ် Apple CarPlay dual-zone climate control,
multi-function steering wheel,
cruise control အစရှိသည်များ ပါဝင်ပါတယ်။