ကနေဒါမှာ Lexus NX မော်ဒယ် စတင်ထုတ်လုပ်
မြောက်အမေရိကဈေးကွက်အတွက် Toyota ရဲ့ အရောင်းရဆုံး Lexus SUV ကို Toyota Motor Manufacturing Canada (TMMC) က ကနေဒါနိုင်ငံ Cambridge စက်ရုံမှာ စတင်ထုတ်လုပ်ပါတယ်။ အရွယ်အစား အငယ်စား SUV မော်ဒယ်များ ဖြစ်ကြတဲ့ Lexus NX နှင့် Lexus NX hybrid မော်ဒယ်မူကွဲ ၂ မျိုးကို ထုတ်လုပ်တာ ဖြစ်ပါတယ်။
မော်တော်ယာဉ်ထုတ်လုပ်မှု စတင်ခဲ့တဲ့ TMMC ဟာ ၂၀၀၃ မှာ ဂျပန်နိုင်ငံ ပြင်ပမှာ Lexus မော်ဒယ်များ ထုတ်လုပ်ခွင့် အဦးဆုံး ရရှိတဲ့ စက်ရုံဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၁၉၈၅ မှာ ထူထောင်ခဲ့တဲ့ TMMC က Lexus RX နှင့် Lexus RX hybrid စီးရေ ၁.၅ သန်းကျော် ထုတ်လုပ်ခဲ့ပြီးပြီ ဖြစ်ပါတယ်။
ကနေဒါမှ TMMC ရဲ့ စက်ရုံအတွက် Toyota က အမေရိကန်ဒေါ်လာ ၉ ဘီလျံေကျာ် ရင်းနှီးမြှုပ်နှံထားပါတယ်။
အလုပ်အကိုင် ၈,၅၀၀ ကျော် ပေးထားနိုင်တဲ့အတွက် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပြည်ထောင်စု အစိုးရတို့က ၂၀၁၈ မှာ အမေရိကန်ဒေါ်လာ ၁.၄ ဘီလျံ ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။
TMMC ဟာ ကနေဒါနိုင်ငံမှာ အကြီးမားဆုံး ကားထုတ်လုပ်သူ ဖြစ်လာခဲ့ပြီး လွန်ခဲ့တဲ့ ၅ နှစ်တာမှာ နှစ်စဉ်နှစ်တိုင်း ကနေဒါမှာ ကားစီးရေအများဆုံး ထုတ်လုပ်တဲ့ လုပ်ငန်း ဖြစ်ခဲ့ပါတယ်။
ယခုအခါ တစ်နှစ်လျှင် စီးရေ ၅၀၀,၀၀၀ ကျော် ထုတ်လုပ်နိုင်တဲ့ စက်ရုံ ဖြစ်ပြီး စက်ရုံ စတင်လည်ပတ်ချိန်မှစ၍ ယခုအထိ စီးရေ ၉ သန်းကျော် ထုတ်လုပ်ခဲ့ ပြီးပြီ ဖြစ်ပါတယ်။