ဒေဝါလီ ခံထားသည့် Lordstown Motors  နည်းပညာ ခိုးသုံးသည့် အမှု ရင်ဆိုင်ရမည်


ဒေဝါလီ ခံထားသည့် Lordstown Motors  နည်းပညာ ခိုးသုံးသည့် အမှု ရင်ဆိုင်ရမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


 

Lordstown Motors ၏ Endurance လျှပ်စစ်ပစ်ကပ်ထရပ်ကို အမေရိကန် အိုဟိုင်းရိုးမှ Foxconn ၏ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံတွင် တွေ့ရစဉ်

  
ဒေဝါလီခံထားသော Lordstown Motors သည် Lordstown Motors ၏  ကားများတွင် ခိုးယူခံရသည့် နည်းပညာပါနေကြောင်း စွပ်စွဲချက်ကို တရားတဘောင် ရင်ဆိုင်ရမည်ဟု ဇူလိုင်လ ၂၇ ရက်တွင် Lordstown လူမွဲခံယူပြီး အကာအကွယ်ယူသည့် တရားရုံးမှ တရားသူကြီး Mary Walrath က အဆုံးအဖြတ် ပြုခဲ့သည်။

 သို့ဖြစ်ရာ ဒေဝါလီခံပြီးနောက် Lordstown Motors ၏ ပိုင်ဆိုင်မှု အဝဝကို ထုခွဲရောင်းချမည့်  အစီအစဉ်ကို ၎င်းစွပ်စွဲထားသည့် အမှု မပြီးမချင်း ရပ်ထားရမည် ဖြစ်သည်။

 Lordstown သည် ဇွန်လတွင် ဒေဝါလီခံခဲ့ပြီး ပိုင်ဆိုင်မှု အဝဝကို စက်တင်ဘာလတွင် ထုခွဲရောင်းချရန် စီစဉ်ထားသည်။

 

ကယ်လီဖိုးနီးယားအခြေစိုက် Karma Automotive သည် ၎င်း၏ ဝန်ထမ်းများအား ခေါ်ယူခန့်ထားခြင်း၊ မော်တော်ယာဉ်သုံး infotainment system များတွင် အသုံးပြုသည့် နည်းပညာကို ခိုးယူခြင်း အမှုများဖြင့် Lordstown အား ၂၀၂၀ ခုနှစ်တွင် တရားစွဲဆိုခဲ့သည်။
၎င်းအမှုကို စက်တင်ဘာလတွင် ကြားနာရန် ရုံးချိန်းရှိသည်။

Lordstown ဒေဝါလီ မခံခင်ကတည်းက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်ရာ Lordstown မှ ရောင်းချမည့် ပိုင်ဆိုင်မှုများတွင် ခိုးရာပါပစ္စည်းများ ပါနေနိုင်သဖြင့် ၎င်းအမှုကို အရင် စီရင်ချက်ချပြီးမှသာ Lordstown Motors ၏ ပိုင်ဆိုင်မှု အဝဝကို ထုခွဲရောင်းချရန် လိုအပ်သလို ဆောင်ရွက်ရမည် ဖြစ်သည်။
Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 315 times