ဒေါ်လာ ၅,၀၀၀ တန် Maruti Suzuki Alto မော်ဒယ်အသစ် စတင်ရောင်းချ
အိန္ဒိယ ကားဈေးကွက်တွင် နာမည်ကြီး hatchback ဖြစ်ပြီး အရောင်းရဆုံးမော်ဒယ်ကို အမြင်ဆန်းအောင် ဒီဇိုင်းထုတ်ပြီး လုပ်ဆောင်ချက်အသစ်များ ဖြည့်တင်းပေးထားသည်။ 2022 Maruti Suzuki Alto K10 အသစ် စျေးနှုန်းမှာ ရူပီး ၃.၉၉ သိန်း(ကန်ဒေါ်လာ ၅,၀၀၀ ဝန်းကျင်) မှ စတင်ကာ ရူပီး ၅.၈၃ သိန်းအထိ အစားစား ရှိသည်။
သေးငယ်သော Hatchback ကို Maruti Suzuki ၏ ကျောရိုးဖြစ်သည်။ လွန်ခဲ့သော ၂၂ နှစ်က အိန္ဒိယကားဈေးကွက်တွင် Alto ကို စတင်ရောင်းချခဲ့သည်။ ယခုအခါ Alto မော်ဒယ်အမျိုးမျိုး စုစုပေါင်း စီးရေ ၄၃ သိန်း ရောင်းချခဲ့ပြီးပြီ ဖြစ်သည်။
ယခု ထုတ်လုပ်သည့် မော်ဒယ်အသစ်မှာ အပြင်ကိုယ်ထည် ဒီဇိုင်းအသစ် ပြောင်းပေးထားပြီး အတွင်းပိုင်းတွင်လည်း အပြောင်းအလဲများ ပြုပေးထားသည်။ အင်ဂျင်မှာလည်း ဒီဇိုင်း အသစ်ထုတ်ထားသည့် K10 အင်ဂျင် တပ်ဆင်ပေးထားသည်။
"Alto ကို နှစ်ကာလများတစ်လျှောက် အဆင့်မြှင့်တင်မှုပြုတိုင်း ကြိုက်နှစ်သက်စရာ ပိုကောင်းနေစေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှ လူငယ်များရဲ့ ပြောင်းလဲလိုသောစိတ်ကူးဆန္ဒများနှင့်အတူ လိုက်လျောညီထွေ တိုးတက်ဖွံ့ဖြိုးပေးနေတဲ့ အထင်ကရအမှတ်တံဆိပ်တစ်ခုဖြစ်ကြောင်း Alto က မှတ်ကျောက်တင်ခံခဲ့ပါတယ်"ဟု မိတ်ဆက်ပွဲတွင် Maruti Suzuki India Limited ၏ MD နှင့် CEO ဖြစ်သူ Hisashi Takeuchi မှ ပြောကြားခဲ့ပါသည်။
ပရိသတ်ဦးရေ ၄.၃၂ သန်းရဲ့ ကြိုက်နှစ်သက်မှုကို ရရှိတဲ့ Alto ဟာ အိန္ဒိယကားအသစ်ဈေးကွက်မှာ ၁၆ နှစ်ဆက်တိုက် အရောင်းရဆုံး နံပါတ်(၁) အိမ်စီးကား ဖြစ်ပါတယ်။
All-New Alto K10 2022 မော်ဒယ်
အရောင်းပြခန်း ရောင်းဈေးနှုန်းများ
Manual Std- Rs 3.99 lakh
ManualLxi- Rs 4.82 lakh
Manual Vxi- Rs 4.99 lakh
Manual Vxi+- Rs 5.33 lakh
Automatic Vxi- Rs 5.49 lakh
Automatic Vxi+ - Rs 5.83 lakh
(1 USD = 79.90 Indian Rupee)
Source: AliExpress
Telegram Channel https://t.me/Guid4U
#MyanmarAutomobileGuide