မြောက်ကိုရီးယားသို့ စစ်သုံးယာဉ် ပေးပို့ခြင်း မရှိဟု  Mitsubishi Motors ငြင်းဆို


မြောက်ကိုရီးယားသို့ စစ်သုံးယာဉ် ပေးပို့ခြင်း မရှိဟု  Mitsubishi Motors ငြင်းဆို

#MyanmarAutomobileGuide
To join Telegram Channel  https://t.me/Guid4U

 

ဂျပန်ကားထုတ်လုပ်သူ Mitsubishi Motors သည် မြောက်ကိုရီးယားတွင် မကြာသေးမီက တွေ့ရှိခဲ့သော စစ်သုံးယာဉ်အဖြစ် ပြုပြင်ထားသည့်  SUV ကားများကို ထောက်ပံ့ပေးခြင်း သို့မဟုတ် လက်နက်တပ်ဆင်ခြင်းတွင်  ပါဝင်ခဲ့သည့် အခန်းကဏ္ဍမရှိကြောင်း မြောက်ကိုရီးယားအား ဒဏ်ခတ်ပိတ်ဆို့မှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးမှူးများအား ပြောကြားခဲ့သည်ဟု ကုလသမဂ္ဂ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း NK News  က သတင်းဖော်ပြပါသည်။ 

၂၀၂၀ ခုနှစ် အောက်တိုဘာလနှင့်  ၂၀၂၁ ခုနှစ် ဇန်နဝါရီလတို့တွင် ကျင်းပခဲ့သော မြောက်ကိုရီးယား စစ်ရေးပြအခမ်းအနားများတွင် အကြီးစားပြင်ဆင်ပြီး သံချပ်ကာ တပ်ဆင်ထားသော Mitsubishi Pajeros ကို လေ့လာဆန်းစစ်သူများက တွေ့ရှိခဲ့ကြသည်။  အဆိုပါယာဉ်များကို မြောက်ကိုရီးယားက မည်သည့်ရင်းမြစ်မှ ရယူခဲ့သည်၊ စစ်သုံးယာဉ်အဖြစ် အဆင့်မြှင့်တင်ရန် မည်သည့် အဖွဲ့အစည်းများ ပါဝင်ပတ်သက်ခဲ့သည်တို့ကို လေ့လာစုံစမ်းမှုများ ဆောင်ရွက်ခဲ့သည်။ 

 "စစ်ရေးရည်ရွယ်ချက်အတွက် မော်တော်ယာဥ်များ တပ်ဆင်ထုတ်လုပ်ခြင်းမပြုရန်နှင့် စစ်ရေးရည်ရွယ်ချက်အတွက် မည်သည့်ယာဉ်ကိုမျှ ပြုပြင်မွမ်းမံခြင်းမပြုရန်မှာ ကျွန်ုပ်တို့၏မူဝါဒဖြစ်ပါသည်"ဟု Mitsubishi Motors က ထွက်ဆိုထားကြောင်း ၎င်းအစီရင်ခံစာတွင် ဖော်ပြထားပါသည်။ 

"ကျွန်ုပ်တို့၏ ဖြန့်ဖြူးရေးကိုယ်စားလှယ်များနှင့် သဘောတူညီချက်သည် စစ်ဘက်ဆိုင်ရာရည်ရွယ်ချက်များအတွက် သို့မဟုတ် နိုင်ငံတကာပြဋ္ဌာန်းချက်ကို အနှောင့်အယှက်ဖြစ်စေရန်အတွက် ကျွန်ုပ်တို့၏ယာဉ်များကို ရောင်းချခြင်း၊ ပြုပြင်မွမ်းမံခြင်း သို့မဟုတ် အသုံးပြုခြင်းတို့ကို တားမြစ်ထားပါသည်" ဟု Mitsubishi Motors က ပြောကြားခဲ့သည်။


၂၀၂၁ ခုနှစ် ဇန်န၀ါရီလ စစ်ရေးပြပွဲအတွင်း အသုံးပြုခဲ့သည့် စစ်သုံးယာဉ်များ၏ အတွင်းပိုင်း အသေးစိတ်အချက်အလက်များသည် ၂၀၁၅ ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့သော Mitsubishi Pajero နှင့် ကိုက်ညီနေသဖြင့် Mitsubishi Motors ကို စုံစမ်းမေးမြန်းခြင်း ဖြစ်သည်။

မကြာသေးမီက DPRK စစ်ရေးပြပွဲများတွင် အသုံးပြုခဲ့သည့် စစ်သုံးယာဉ်အဖြစ် စိတ်ကြိုက် ပြုပြင်ထားသော Mitsubishi SUV ကားများအပြင် ထိပ်တန်းအရာရှိ Jo Yong Won သည်   ၂၀၂၂  ခုနှစ် မတ်လနှင့် ဧပြီလ တို့တွင်  Pajero ကို အသုံးပြုနေကြောင်းကို  NK ​​News မှ တွေ့ရှိခဲ့သည်။

Jo Yong Won သုံးစွဲသည့်   Pajero ကို အချို့သောစျေးကွက်များတွင် Montero သို့မဟုတ် Shogun ဟုလည်း လူသိများသောကား ဖြစ်ပြီး ၂၀၁၄  ခုနှစ်နောက်ပိုင်းတွင်ကျွန်ုပ်တို့၏ ဂျပန်စက်ရုံတွင် ထုတ်လုပ်ခဲ့သည်။ အာရှမြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းဈေးကွက်များအတွက် ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ပြောကြားခဲ့သည်။

Source NK News
#MyanmarAutomobileGuide
To join Telegram Channel  https://t.me/Guid4U

Read 506 times