တရုတ်မှ နိုင်ငံပိုင် အကြီးဆုံးကားလုပ်ငန်း SAIC က အိန္ဒိယကုမ္ပဏီစုကြီး JSW နှင့် ပူးပေါင်း


တရုတ်မှ နိုင်ငံပိုင် အကြီးဆုံးကားလုပ်ငန်း SAIC က အိန္ဒိယကုမ္ပဏီစုကြီး JSW နှင့် ပူးပေါင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

အိန္ဒိယနိုင်ငံ မော်တော်ယာဉ်ကဏ္ဍသို့ ထိုးဖောက်ဝင်ရောက် နေရာယူနိုင်ရန် တရုတ်မှ နိုင်ငံပိုင် အကြီးဆုံးကားလုပ်ငန်း SAIC Motor က အိန္ဒိယနိုင်ငံမှ ကုမ္ပဏီစုကြီး JSW Group နှင့် ဖက်စပ်လုပ်ငန်းတစ်ခုကို အိန္ဒိယနိုင်ငံတွင် ထူထောင်ပါသည်။

စိမ်းလန်းသော ရွေ့လျားနိုင်စွမ်းနှင့် လျှပ်စစ်ကား ဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရန် စူးစိုက်လုပ်ကိုင်သွားမည်ဟု ၎င်းလုပ်ငန်းနှစ်ခုက နိုဝင်ဘာလ ၃၀ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ပါသည်။

JSW သည် အိန္ဒိယဖက်စပ်လုပ်ငန်းသစ်တွင် အစုရှယ်ယာ ၃၅ ရာခိုင်နှုန်းကို ရယူမည်ဖြစ်ကြောင်း  ကြေညာချက်တွင် ဖော်ပြထားသည်။

SAIC သည် ၎င်းအပြည့်အဝပိုင်ဆိုင်သည့်  MG Motor India မှတဆင့် အိန္ဒိယနိုင်ငံတွင် လုပ်ကိုင်လျက် ရှိပါသည်။ ၂၀၁၉ ခုနှစ်တွင် MG စတင်ဝင်ရောက်ခဲ့ပါသည်။ MG အတွက် ကန်ဒေါ်လာ သန်း ၆၅၀ ရင်းနှီးမြှုပ်နှံရန် အစီအစဉ် ရေးဆွဲထား‌သော်လည်း အကောင်အထည်ဖော်ရန် အဟန့်အတားများကို ရင်ဆိုင်နေရပါသည်။ 
အန္ဒိယအစိုးရက တရုတ်ကုမ္ပဏီများ၊ အထူးသဖြင့် တရုတ်အစိုးပိုင် ကုမ္ပဏီများ၏ အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံမှုများကို တင်းတင်းကျပ်ကျပ် စိစစ်ပါသည်။ 
ဖက်စပ်လုပ်ငန်းအသစ်သည် SAIC ၏  MG အမှတ်တံဆိပ် အီးဗီများကို အိန္ဒိယတွင် ထုတ်လုပ်ရန်၊ အိ္န္ဒိယတွင် ထုတ်လုပ်သည့် အစိတ်အပိုင်းများ ပိုမိုသုံးစွဲရန်၊ ထုတ်လုပ်နိုင်စွမ်း တိုးချဲ့ရန်၊ အားသွင်းကွန်ရက်ထူထောင်ရန် အစရှိသည်တို့ကို လုပ်ဆောင်မည် ဖြစ်သည်။
Source: Reuters
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 3553 times