တရုတ်ပြည်မှာ Tesla က ကားဈေးနှုန်း ၉%အထိ လျှော့ချ


တရုတ်ပြည်မှာ Tesla က ကားဈေးနှုန်း ၉%အထိ လျှော့ချ
.

 

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

Tesla သည် တရုတ်နိုင်ငံတွင် ၎င်း၏ Model 3 နှင့် Model Y ကားများအတွက် စျေးနှုန်းများကို ၉ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ပါသည်။
ယခင်က ဈေးတက်ပြီးရင်းတက်နေခဲ့ရာမှာ ဂငယ်ကွေ့ ကွေ့လိုက်ပြီး ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ဖြစ်သည့် တရုတ်ပြည်တွင်းဈေးကွက်အတွက်သာ ဈေးလျှော့ချလိုက်ခြင်း ဖြစ်ပါသည်။
 .
ပြီးခဲ့သည့်လတွင် Tesla ထံမှ မော်တော်ယာဉ် အာမခံဝယ်ယူခဲ့သူများကို Tesla က မက်လုံးများ အကန့်အသတ်ဖြင့် ပေးအပ်ခဲ့ပြီးနောက် ဈေးလျှော့ကြောင်းကို Tesla ၏ တရုတ်ပြည်အတွက် ဝဘ်ဆိုက်တွင် ကြေညာခဲ့ပါသည်။
.
Tesla ၏ အမှုဆောင်အရာရှိချုပ် Elon Musk က တရုတ်နှင့်ဥရောပတွင် "စီးပွားရေးကျဆင်းမှုအမျိုးအစား" တစ်ခု လာနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ယခုနှစ်အတွက် ကြိုတင်အမှာစာများထံ ကားပေးအပ်မည့် လျာထားချက် ပြည့်မီမှာ မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။
.
"လက်ရှိသုံးလပတ်မှာ ဝယ်လိုအားက အားကောင်းနေပြီး Tesla ဟာ စီးပွားရေးကျဆင်းမှုကို ခံနိုင်ရည်ရှိလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်" ဟု Musk က ပြောကြားခဲ့ပါသည်။
China Merchants Bank International (CMBI) မှ Tesla စျေးနှုန်းဖြတ်တောက်လျှော့ချမှုသည် တရုတ်နိုင်ငံရှိ အီးဗီထုတ်လုပ်သူများအကြား ကြီးထွားလာနေသော ပြိုင်ဆိုင်မှုအရေးကို ဖော်ပြနေကြောင်း၊ အီးဗီလုပ်ငန်းကဏ္ဍတစ်ခုလုံး
ရောင်းချမှုမှာ ၂၀၂၃ ခုနှစ်တွင် နှေးကွေးမည်ဟု ခန့်မှန်းထားကြောင်း  ပြောကြားခဲ့သည်။
"စျေးနှုန်းဖြတ်တောက်မှုဟာ ဩဂုတ်လကတည်းက ကျွန်တော်တို့ အလေးပေးပြောဆိုခဲ့ကြတဲ့  ဖြစ်လာနိုင်တဲ့ ဈေးနှုန်းစစ်ပွဲကို သိသာထင်ရှားစေပါတယ်" ဟု CMBI မှ လေ့လာသုံးသပ်သူ Shi Ji က ပြောကြားခဲ့သည်။
တရုတ်ပြည်တွင်းဈေးကွက်မှာ ဈေးသက်သာခြင်း အားသာချက်ဖြင့် ယှဉ်ပြိင်နိုင်စွမ်း ကောင်းစေဖို့ Tesla က ဈေးခြင်း ဖြစ်သည်။ Tesla ၏ အကြီးမားဆုံး ကားဈေးကွက်ဖြစ်သည့် အမေရိကန်တွင် ဈေးမြှင့်တင်ပါသည်
တရုတ်ပြည်တွင်းဈေးကွက်မှာ အီးဗီစစ်စစ် ရောင်းချစီးရေအရ BYD Motor က ပထမ၊ SAIC-GM-Wuling က ဒုတိယဖြစ်ပြီး Tesla က တတိယဖြစ်ကြောင်း တရုတ်နိုင်ငံ အိမ်စီးကားအသင်း China Passenger Car Association မှ ထုတ်ပြန်သော ထိပ်တန်း(၁၅) စာရင်းတွင် ဖော်ပြထားသည်။ ထိပ်တန်း(၁၅) စာရင်းတွင် ပါဝင်သော ပြည်ပကားလုပ်ငန်းဟူ၍ Tesla တစ်ဦးတည်းသာ ပါဝင်ပါသည်။
Model 3 sedan ကို ယွမ် 279,900 မှ ယွမ် 265,900 သို့ လျှော့ချ သတ်မှတ်ပါသည်။
Model Y sport utility vehicle SUV ကို ယွမ် 316,900 မှ ယွမ် 288,900 သို့ လျှော့ချ သတ်မှတ်ပါသည်။ 
Tesla သည် ၎င်း၏ ရှန်ဟိုင်းစက်ရုံကို ယခုနှစ်အစောပိုင်းတွင် အဆင့်မြှင့်တင်ခဲ့ပြီး ထုတ်လုပ်စီးရေ တိုးမြှင့်နိုင်ခဲ့ပါသည်။ စက်တင်ဘာလတွင် တရုတ်ပြည်ဖြစ် အီးဗီ ၈၃,၁၃၅ စီး ကို မှာကြားထားသူများထံ ပေးပို့ခဲ့သည်။ စက်ရုံ စတငမလည်ပတ်ခဲ့သည့် ၂၀၁၉ ဒီဇာင်ဘာလမှ ယခုအချိန်အထိ ကာလအတွင်း တစ်လတာ အများဆုံး ထုတ်လုပ်သည့် စံချိန်သစ် ဖြစ်ပါသည်။
(US$1 = 7.2399 Chinese yuan)
Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

Read 1373 times