စင်ကာပူတွင် Tesla လျှော့ဈေးအစီအစဉ် ကမ်းလှမ်း
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Tesla သည် Model 3 နှင့် Model Y လက်ကျန်ကားများကို ဝယ်ယူရန် သဘောတူသည့် စင်ကာပူမှ ဝယ်သူများအတွက် လျှော့စျေးများ စတင်ပေးနေပြီဟု ကုမ္ပဏီ အရောင်းကိုယ်စားလှယ်က တနင်္လာနေ့ (ဇန်နဝါရီ ၉ ရက်) တွင် ပြောကြားခဲ့သည်။
လက်ရှိသုံးနေသည့် စက်သုံးဆီ အင်ဂျင်သုံး ကားဖြင့် Tesla ကို အလိုက်ပေးပြီး လဲလှယ်ရမည်ဖြစ်ပြီး Tesla က ၎င်း၏ ကားဈေးနှုန်းကို $5,000 (S$6.600) ဈေးလျှော့ပေးမည်အပြင် Tesla ကားကို လိုင်စင်ဝင်ရန်အတွက် ချေးငွေ $5,000 ပေးမည်ဟု ကမ်းလှမ်းသည်။
ထို့အပြင် သတ်မှတ်ချက်များနှင့် ပြည့်စုံသည့်သူ၏ အိမ်တွင် အားသွင်းရန်အတွက် နံရံကပ်ပလပ်ပေါက် wall connector တပ်ဆင်ပေးမည်။ ပစ္စည်းဖိုး အခမဲ့ဖြစ်ပြီး တပ်ဆင်ခကို တပ်ဆင်လိုသူက ကျခံရမည်။
Tesla သည် အာရှဈေးကွက်တွင် တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် ဩစတေးလျ နိုင်ငံများတွင် လျှော့ဈေးပေးသည့် အစီအစဉ်များ စတင်လိုက်ပြီးနောက် စင်ကာပူတွင်လည်း လျှော့ဈေးပေးသည့် အစီအစဉ်ကို စတင်လိုက်ခြင်းဖြစ်သည်။
Source: Reuters