တရုတ်ပြည်တွင်းမှာ Tesla ဈေးချ အမေရိကန်ထက် ၄၃ ရာခိုင်နှုန်း သက်သာ


တရုတ်ပြည်တွင်းမှာ Tesla ဈေးချ အမေရိကန်ထက် ၄၃ ရာခိုင်နှုန်း သက်သာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


Tesla Inc သည် တရုတ်နိုင်ငံတွင် ၎င်း၏ Model 3 နှင့် Y လျှပ်စစ်ကားများအတွက် စျေးနှုန်းထပ်မံလျှော့ချမှုကို သောကြာနေ့ (ဇန် ၆)တွင် ကြေညာသည်။

ကမ္ဘာ့အကြီးဆုံး အီးဗီစျေးကွက်ဖြစ်သော တရုတ်ပြည်တွင်းဈေးကွက်၏ ပရီမီယံအမြင့်ဆုံး အပိုင်းအကန့်တွင် ဈေးကွက်ဝေစု ဆုပ်ကိုင်ထားနိုင်ရန် အဆင့်မြင့် Model S ဆီဒင်နှင့် Model X တို့ကို ရောင်းချတော့မည်ဖြစ်ကြောင်းလည်း ကြေညာသည်။

တရုတ်ပြည်တွင် ထုတ်လုပ်သော Model Y SUV ဈေးနှုန်းကို ယခင် ယွမ် ၂၈၈,၉၀၀ မှ ယွမ် ၂၅၉,၉၀၀(US$37,875) ဟု လျှော့ချသတ်မှတ်လိုက်သည်။
၎င်းမော်ဒယ်ကို အမေရိကန်တွင် $65,900 ဖြင့်ဈေးဖွင့်ထားသဖြင့် တရုတ်ပြည်မှဈေးနှုန်းသည် အမေရိကန်အတွက် ဈေးနှုန်းထက် ၄၃% သက်သာသည်။

Model 3 ကို ယခင် ယွမ် ၃၆၅,၉၀၀ မှ ယွမ် ၂၂၉,၉၀၀ ဟု လျှော့ချသတ်မှတ်လိုက်သည်။ အမေရိကန်ဈေးနှုန်းထက် ၃၀% သက်သာသည်။

 Tesla သည် ယမန်နှစ်ကလည်း ဈေးလျှော့ချပြီး ယခု ထပ်မံလျှော့ချလိုက်ခြင်း ဖြစ်သည်။
 
 တရုတ်ပြည်တွင်းဈေးကွက်တွင် တရုတ်ပြည်မှ ကားကုမ္ပဏီများဖြစ်သော BYD Co, Xpeng Inc,  Nio Inc တို့နှင့် Tesla သည် အလယ်အလတ်တန်းနှင့် ပရီမီယံတန်းတို့တွင် ယှဉ်ပြိုင်နေရပြီး ပြည်ပကုမ္ပဏီ Mercedes Benz Group AG, Porsche AG တို့နှင့်လည်း ပရီမီယံ အတန်းအစားတွင် ယှဉ်ပြိုင်နေရသည်။ 

တရုတ်ဈေးကွက်တွင် ယခုမှ စတင်ရောင်းချပေးမည့် Model S ဆီဒင်ကို အတွင်းပိုင်း ဒီဇိုင်းပြန်ထုတ်ပေးထားပြီး ရောင်းဈေး ယွမ် ၇၈၉,၉၀၀ သတ်မှတ်သည်။
Tesla ၏ အမြန်ဆုံးကားမော်ဒယ်ဖြစ်ပြီး သုညမှ တစ်နာရီ ၁၀၀ ကီလိုမီတာ (၆၂ မိုင်) သို့ ၂.၁ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်သော  Plaid ဗားရှင်း ကို ရောင်းဈေး ယွမ် ၁.၀၁ သန်း သတ်မှတ်သည်။

Model X SUV ကို ရောင်းဈေး ယွမ် ၈၇၉,၉၀၀ သတ်မှတ်သည်။
Model X Plaid ကို ရောင်းဈေး ၁.၀၄ သန်း သတ်မှတ်သည်။
ယခုနှစ် ဒုတိယ ၃ လပတ်တွင် စတင်ထုတ်လုပ်မည်။ 

 တရုတ်ပြည်တွင်းဈေးကွက် အီးဗီကဏ္ဍ ရောင်းဈေး ယွမ် ၃ သိန်းအထက် အပိုင်းအကန့်တွင် Tesla က ကြီးစိုးထားသည်။
 ရှန်ဟိုင်းတွင် Model 3 ဆီဒင်ကို ၂၀၁၉ နှစ်ကုန်တွင် စတင်ထုတ်လုပ်သည်။ Model Y ကို ၂၀၂၁ ဇန်နဝါရီလတွင် စတင်ထုတ်လုပ်သည်။
 ၂၀၂၂ တွင် ရှန်ဟိုင်းစက်ရုံမှ စီးရေ ၇၁၀,၀၀၀ ထုတ်လုပ်သည်။ ကမ္ဘာတစ်လွှား ထုတ်လုပ်သည့် စီးရေ စုစုပေါင်း၏ ၅၄%ကို ရှန်ဟိုင်းမှာ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
Source Bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 5107 times