ထိုင်းနိုင်ငံတွင် Tesla အမှာစာ စတင်လက်ခံ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Tesla က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Siam Paragon ကုန်တိုက်တွင် ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၁၄) မှာတရားဝင် မိတ်ဆက်ပွဲ ကျင်းပခဲ့ပါတယ်။
ဒါဟာ စင်ကာပူပြီးရင် အရှေ့တောင်အာရှဈေးကွက်ထဲကို အမေရိကန် လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်သူTesla ရဲ့ ဒုတိယမြောက် ဈေးကွက်ထိုးဖောက်မှု ဖြစ်ပါတယ်။
Tesla သည် ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံ၌ တရားဝင် မိတ်ဆက်ခြင်းဖြင့် အရှေ့တောင်အာရှရဲ့ အရှိန်အဟုန်ဖြင့် တိုးတက်လာနေတဲ့ လျှပ်စစ်ကားစျေးကွက်တွင် ၎င်းအဖို့ ဒုတိယမြောက်နိုင်ငံအဖြစ် ထိုင်းဈေးကွက်ထဲသို့ ဝင်ရောက်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ အခြားသော အီးဗီထုတ်လုပ်သူများက ထိုင်းအစိုးရရဲ့ ပြည်တွင်း အီးဗီထုတ်လုပ်ရေးအတွက် အီးဗီမက်လုံးများကို ရယူနေချိန်မှာ Tesla က အရောင်းသက်သက်ဖြင့်သာ ထိုင်းဈေးကွက်ထဲကို မောင်းဝင်လိုက်ပါတယ်။
အွန်လိုင်း ကြိုတင်အမှာကို ဗုဒ္ဓဟူးနေ့မှာ Model 3 နှင့် Model Y တို့အတွက် စတင်ဖွင့်လှစ် ပေးထားပါတယ်။
မှာကြားထားသူများထံ ၂၀၂၃ ပထမ ၃ လပတ်အတွင်း ကားအပ်နှံဖို့ Tesla ရည်မှန်းထားပါတယ်။
ဈေးနှုန်းများမှာ Model 3 ဆီဒင် ဘတ် ၁.၇၆ သန်း ($50,000) ဖြစ်ပြီး Model Y အရွယ်အလယ်အလတ် SUV က ဘတ် ၁.၉၆ သန်း ဖြစ်ပါတယ်။
ဘန်ကောက်မြို့မှ Siam Paragon mall မှာ Tesla ရဲ့ ထိုင်းနိုင်ငံအတွက် ပထမဆုံး အရောင်းဆိုင်ကို ဖွင့်လှစ်ထားပါတယ်။ လာမယ့်နှစ်မှာ supercharging အားသွင်းရုံ ၁၀ ခု ထားရှိဖို့ အစီအစဉ် ရှိပါတယ်။
အရှေ့တောင်အာရှအတွက် ပထမဆုံး အရောင်းပြခန်းကို စင်ကာပူနိုင်ငံမှာ ယမန်နှစ်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။
ဘက်ထရီသုံး လျှပ်စစ်ကား စစ်စစ် အီးဗီ ကမ္ဘာ့ရောင်းအားမှာ Tesla က ပထမနေရာမှာ ရှိနေပါတယ်။ ဘက်ထရီသုံးနှင့် ပလပ်ထိုး ဟိုက်ဘရစ် အီးဗီ၂ မျိုးပေါင်းမှာတော့ BYD က ပထမနေရာမှာ ရှိနေပါတယ်။
ထိုင်းဈေးကွက်အတွက် အီးဗီများကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ထုတ်လုပ်တဲ့ အီးဗီများကို တင်သွင်းရောင်းချမှာ ဖြစ်ပါတယ်။
Tesla အနေဖြင့် လောလောဆယ်မှာ ထိုင်းနိုင်ငံတွင် အီးဗီ ထုတ်လုပ်ဖို့ အစီအစဉ် မရှိသေးပါ။ တင်သွင်းရောင်းချခြင်းကိုသာ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ပြည်တွင်း ထုတ်လုပ်မှု မလုပ်တဲ့အတွက် ထိုင်းအစိုးရရဲ့ အီးဗီမက်လုံးများကို ခံစားခွင့် မရပါ။ သို့သော် ထိုင်းနှင့် တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး သဘောတူညီချက်အရ တရုတ်မှ တင်သွင်းသည့် အီးဗီများ သွင်းကုန်ခွန် 0% ခံစားခွင့် ရရှိကြပါတယ်။
အီးဗီ အရွယ်အစား အလယ်အလတ် SUV အတန်းအစားမှာ Tesla ရဲ့ Model Y က ဘတ် ၁.၇၆ သန်း ဖြစ်တာကြောင့် ဈေးအမြင့်ဆုံးလို့ ဆိုရပါမယ်။
BYD ရဲ့ Atto 3 က ထိုင်းဈေးကွက်မှဦ ဘတ် ၁.၄ သန်းဖြင့် ဈေးဖွင့်ပါတယ်။
Toyota ရဲ့ bZ4X က ဘတ် ၁.၈ သန်းဖြင့် ဈေးဖွင့်ပါတယ်။
Model 3
Single motor (rear-wheel drive): ဘတ် 1.759 သန်း
Long range (dual motor, all-wheel drive): ဘတ် 1.999 သန်း
Performance (dual motor, all-wheel drive): ဘတ် 2.309 သန်း
Model Y
Single motor (rear-wheel drive): ဘတ် 1.959 သန်း
Long range (dual motor, all-wheel drive): ဘတ် 2.259 သန်း
Performance (dual motor, all-wheel drive): ဘတ် 2.509 သန်း
Tesla ရဲ့ မူအရ အရောင်းကိုယ်စားလှယ်မှ တစ်ဆင့် ရောင်းချခြင်း မပြုတဲ့အတွက် Tesla ရဲ့ ဝဘ်ဆိုက်မှာသာ တိုက်ရိုက် မှာကြားရမှာ ဖြစ်ပါတယ်။
Source asia nikki