၃ ပတ်ကြာ ပိတ်ထားရသည့် စက်ရုံ ပြန်ဖွင့်ဖို့ Tesla ရည်မှန်း


၃ ပတ်ကြာ ပိတ်ထားရသည့် စက်ရုံ ပြန်ဖွင့်ဖို့ Tesla ရည်မှန်း

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ တည်ရှိတဲ့ Gigafactory Shanghai ကို သီတင်းပတ် ၃ ပတ်ကြာ ပိတ်ထားခဲ့ရပြီး ဧပြီလ ၁၈ ရက် တနင်္လာနေ့မှာ ပြန်ဖွင့်ဖို့ Tesla က ရည်မှန်းထားပါတယ်။
ယခုလို ပိတ်ထားရလို့ မထုတ်လုပ်ရတဲ့ ကားစီးရေ  ၄၀,၀၀၀ ကျော်နေပြီ ဖြစ်ပါတယ်။

ရှန်ဟိုင်းမြို့မှာ COVID-19 ကူးစက်မှုများ ပြီးခဲ့တဲ့လမှာ မြင့်တက်နေလို့ ကာကွယ်တားဆီးဖို့ အာဏာပိုင်တို့က တစ်မြို့လုံးကို လော့ဒေါင်းချထားပါတယ်။ 
 Tesla ရဲ့ Gigafactory Shanghai ကားထုတ်လုပ်ရေးစက်ရုံလည်း အကျုံးဝင်လို့ မတ်လ ၂၈ ရက်ကတည်းက စက်ရုံပိတ်ထားရပါတယ်။

မူလ လော့ဒေါင်းအစီအစဉ်မှာ ဧပြီလ ၇ ရက်မှာ လော့ဒေါင်း သတ်မှတ်ရက် ကုန်ဆုံးပေမဲ့ အာဏာပိုင်တို့က ရက်တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။ မြို့ကို အရှေ့ခြမ်းနှင့် အနောက်ခြမ်း တစ်လှည့်စီ လော့ဒေါင်းချတဲ့ မူလအစီအစဉ်ကိုလည်း ရုပ်သိမ်းလိုက်ပြီး တစ်မြို့လုံးကို လော့ဒေါင်းချထားလိုက်ပါတယ်။ 

Tesla က  ဧပြီလ ၁၈ ရက် တနင်္လာနေ့မှာ စက်ရုံပြန်ဖွင့်ဖို့ အာဏာပိုင်တို့ထံမှ ခွင့်ပြုမိန့် ရထားပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 
စက်ရုံပြန်လည်ဖို့ လုပ်သားများနှင့် ယာဉ်ပစ္စည်းများ ရရှိတာ သေချာဖို့ Tesla ကြိုးပမ်းနေပါတယ်။

စက်ရုံပြန်လည်စတင် လည်ပတ်တဲ့အခါ အဆိုင်း တစ်ဆိုင်းဖြင့်သာ လုပ်ကိုင်ဖို့ လျာထားပါတယ်။ 

 Tesla Gigafactory Shanghai ရဲ့ ထုတ်လုပ်နိုင်စွမ်းရည်က တစ်နေ့လျှင် စီးရေ ၂,၀၀၀ ဝန်းကျင် ဖြစ်ပါတယ်။ 
 အဆိုင်း ၃ ဆိုင်းဖြင့် အပြည့်လည်ပတ်ရင် သီတင်းပတ် တစ်ပတ်လျှင် Model Y ၁၀,၀၀၀ စီး၊ Model 3 ၆,၀၀၀ စီး ထုတ်လုပ်နိုင်ပါတယ်။ 

Read 431 times