မလေးရှားတွင် Tesla တရားဝင် ရောင်းချတော့မည်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
Tesla သည် ၎င်း၏ မလေးရှားဌာနခွဲ Tesla Malaysia အတွက် တရားဝင် Instagram အကောင့်ကို မကြာသေးမီက စတင်ခဲ့သည်။
မလေးရှား သတင်းမီဒီယာတို့က Tesla သည် ဇူလိုင် ၂၀ ရက်တွင် ကွာလာလမ်ပူ၌ တရားဝင် မိတ်ဆက်ပွဲတစ်ခု ကျင်းပရန် စီစဉ်နေသည်ဟု သတင်းဖော်ပြကြသည်။
အရှေ့တောင်အာရှနိုင်ငံများတွင် Tesla သည် စင်ကာပူတွင် အရင်ဆုံး တရားဝင် ရောင်းချခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံတွင် ရောင်းချခဲ့သည်။ မလေးရှားသည် Tesla တရားဝင် ရောင်းချသည့် တတိယမြောက် အရှေ့တောင်အာရှနိုင်ငံ ဖြစ်လာမည်။
Tesla သည် မလေးရှားတွင် Model 3 နှင့် Model Y တို့ဖြင့် ကားရောင်းချမှု စတင်နိုင်ဖွယ်ရှိသည်။ တရုတ်ပြည်မှ Gigafactory Shanghai တွင် ထုတ်လုပ်သော ကားများကို မလေးရှားတွင် ရောင်းချဖွယ်ရှိသည်ဟု မီဒီယာတို့က ထင်ကြေးပေးထားကြသည်။
၂၀၂၁ ခုနှစ်တွင် မလေးရှားအစိုးရသည် သွင်းကုန်၊ စည်းကြပ်ခွန်နှင့် လမ်းခွန်များအပါအဝင် လျှပ်စစ်ကားများကို အခွန်ကင်းလွတ်ခွင့်ပေးရန် အစီအစဉ်များ ချမှတ်ခဲ့သည်။
2023 ခုနှစ် ဖေဖော်ဝါရီလတွင် မလေးရှား နိုင်ငံတကာကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် ဘက်ထရီသုံး လျှပ်စစ်ကားများ ( battery electric vehicle BEV) တင်သွင်းရန် Tesla ၏ ခွင့်ပြုမိန့်တောင်းခံသည့် လျှောက်လွှာကို အတည်ပြုခဲ့သည်
“Tesla သည် ရုံးချုပ်၊ Tesla Experience & Services Centers [sic] နှင့် Supercharger ကွန်ရက်ကို ထူထောင်မည်ဖြစ်သည်။ တပြိုင်တည်းမှာပင် Tesla သည် မလေးရှားနိုင်ငံသားများအတွက် ကျွမ်းကျင်ပြီး လစာပိုကောင်းသော အလုပ်အကိုင်များကို ဖန်တီးပေးမည်" ဟု မလေးရှား နိုင်ငံတကာကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး Tengku Datuk Seri Zafrul Aziz က တွစ်တာလူမှူကွန်ရက်တွင် တင်ပြခဲ့သည်။
ပြီးခဲ့သည့်လက Tesla Malaysia သည် အလုပ်လျှောက်ထားသူများကို ၎င်း၏ Walk-in Recruitment Day သို့ ဖိတ်ကြားခဲ့သည်။ ကုမ္ပဏီသည် အလုပ်တာဝန် ၅ မျိုးအတွက် ဝန်ထမ်းများ ခန့်ထားမည် ဖြစ်သည်။ ၎င်းတို့မှာ
Sales advisor/Inside sales advisor
Enterprise sales advisor
Delivery advisor
Customer support specialist
Service advisor
တို့ ဖြစ်သည်။
ယခုအခါ Office Administrator, Senior HR Partner, Vehicle Technician အစရှိသည့် အလုပ်အကိုင်များအတွက် အလုပ်ခေါ်ထားပါသည်။
Source malaysian media
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL