တရုတ် Tesla အမေရိကန်သို့ တင်သွင်းမည်ဆိုသည်မှာ သတင်းမှားဟု အီလွန်မတ်စ် ပြောကြား
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Tesla က တရုတ်နိုင်ငံတွင် ထုတ်လုပ်သည့် Made in China Tesla(MIC Tesla) လျှပ်စစ်ကားများကို အမေရိကန်နှင့် ကနေဒါသို့ တင်ပို့ရန် ပြင်ဆင်နေသည်ဟု ဆိုထားသည့် သတင်းကို Tesla စီအီးအို Elon Musk က ငြင်းဆိုခဲ့ပါသည်။
Tesla သည် တရုတ်စက်ရုံ Giga Shanghai မှာ ထုတ်လုပ်သည့် MIC Tesla Model 3 နှင့် Model Y လျှပ်စစ်ကားများကို လာမည့်နှစ်အစောပိုင်းတွင် မြောက်အမေရိက(အမေရိကန်နှင့် ကနေဒါ) ဈေးကွက်သို့ တင်ပို့ရောင်းချရန် စဉ်းစားနေကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြခဲ့သည်ကို ၎င်းက ငြင်းဆိုလိုက်ခြင်း ဖြစ်ပါသည်။
Tesla ၏ တရုတ်စက်ရုံမှာ ထုတ်လုပ်သည့် MIC Tesla ကားများကို လက်ရှိတွင် တရုတ်၊ ဥရောပနှင့် ဩစတြေးလျ ဈေးကွက်များသို့ ပေးပို့ပါသည်။
မြောက်အမေရိကဈေးကွက်တွင် ရောင်းချသည့် ကားများ အားလုံးကို အမေရိကန်တွင် ထုတ်လုပ်ပါသည်။
Tesla Model Y တရုတ်ပြည်တွင် ရောင်းဈေးမှာ $49,344 ဖြစ်ပြီး အမေရိကန်တွင် ရောင်းဈေးမှာ $65,990 ဖြစ်ပါသည်။
တရုတ်နိုင်ငံတွင် ထုတ်လုပ်သော အိမ်စီးကားများကို အမေရိကန်သို့ တင်သွင်းမည်ဆိုပါက သွင်းကုန်ခွန် ၂၇.၅% စည်းကြပ်ပါသည်။
ရိုက်တာ၏ သတင်းဖော်ပြချက်အရ ယွမ်နှင့် ကန်ဒေါ်လာ ငွေလဲနှုန်းတွင် ယွမ်တန်ဖိုး ကျနေသဖြင့် ယွမ်ယာဉ်တန်ဖိုးကို ဒေါ်လာပြောင်းလိုက်ပါက သက်သာနေစေခြင်း၊ တရုတ်နိုင်ငံတွင် ကုန်ကြမ်းစျေးနှုန်းများ သက်သာခြင်းနှင့် အမေရိကန်တွင် ကားသစ်စျေးနှုန်းများ မြင့်တက်လာေနခြင်းတို့ကြောင့် MIC Tesla ကို အမေရိကန်သို့ တင်သွင်းပါက တွက်ခြေကိုက်နိုင်ပါသည်။ သို့ဖြစ်ရာ MIC Tesla ကို အမေရိကန်သို့ တင်သွင်းရန် အလားအလာရှိပါသည်ဟု ဆိုသည်။
ရိုက်တာ၏ သတင်း ထွက်ပေါ်လာခဲ့ပြီး မကြာမီတွင် Elon Musk က Twitter တွင် သတင်းအမှားဟု ပို့စ်တစ်ခု တင်ခဲ့ပြီး ငြင်းဆိုခဲ့ပါသည်။
Source drive.com
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U