ပြတင်းမှန် ပိတ်စဉ် လက်ညပ်နိုင်သဖြင့် ကားစီးရေ ၁ သန်းကျော် Tesla ပြုပြင်ပေးမည်
Tesla သည် ၎င်း၏ Model 3၊ Model Y၊ Models S နှင့် Model X စီးရီးမှ ကားအချို့အပါအဝင် ကားအစီးရေ တစ်သန်းကျော်ကို ပြုပြင်ပေးမည်။
Teslas ၏ ကားတံခါး ပြတင်းပေါက်မှန် အတင်အချ အော်တိုစနစ်သည် အတားအဆီးများကို မသိနိုင်သောကြောင့် မှန်ပိတ်လိုက်သောအခါတွင် လက်ချောင်းများ မတော်တဆ ခံနေခဲ့လျှင် မသိနိုင်သဖြင့် မှန်ကို အဆုံးအထိ တင်မည်ဖြစ်ရာ လက်ညပ်သွားနိုင်သည်။
အဆိုပါ ချို့ယွင်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားကြောင်းသတင်း တစ်စုံတစ်ရာ မရှိသေးကြောင်း Tesla မှ ပြောကြားခဲ့သည်။
မှန်တင်မှန်ချ အလိုအလျောက်စနစ် ပြုပြင်ပေးရန် အကျုံးဝင်သော ကားများကို Tesla မှ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အကြောင်းကြားမည်ဖြစ်သည်။
အကျုံးဝင်သော ကားစီးရေ ၁,၀၉၆,၇၆၂ ရှိပြီး ၎င်းကားများထံသို့ မှန်တင်မှန်ချ အလိုအလျောက်စနစ်အတွက် software update ကို အက်တာနက်မှ တစ်ဆင့် ပေးပို့မည် ဖြစ်ရာ လေထဲမှ ကားထဲသို့ ထည့်ပေးလိုက်မည့် 'over-the-air' OTA update ကို ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
စက်ရုံတွင် ထုတ်လုပ်ဆဲ ကားများကိုလည်း software update လုပ်ပေးသွားမည် ဖြစ်သည်။
Source daily mail
#MyanmarICTGuide
To join Telegram Channel https://t.me/Guid4U