ထုတ်လုပ်ပြီးသား မရောင်းရလက်ကျန်ကား ဝယ်ယူလျှင် Tesla  က အာမခံကြေး ထောက်ပံ့


ထုတ်လုပ်ပြီးသား မရောင်းရလက်ကျန်ကား ဝယ်ယူလျှင် Tesla  က အာမခံကြေး ထောက်ပံ့

 TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဇွန်လ ၁၆ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ တရုတ်ပြည်မှာ ထုတ်လုပ်ပြီးသား Tesla Model 3 နောက်ဘီးယက်ဗားရှင်းကို ဝယ်ယူပါက ယွမ် ၈,၀၀၀ အာမခံ ထောက်ပံ့ကြေး ရရှိမည်ဖြစ်သည်
.
Tesla သည် တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် စက်တင်ဘာလက အာမခံ ထောက်ပံ့မှုများကို ပထမဆုံးအကြိမ် ရက်အကန့်အသတ်ဖြင့် စတင်ကမ်းလှမ်းခဲ့သည်။
ယခု အာမခံကြေးထောက်ပံ့သည့် အစီအစဉ်ကို ရက်အကန့်အသတ်ဖြင့် ပြန်လည်ကျင့်သုံးသည်။ 
.
Tesla ၏ ရှန်ဟိုင်းကားစက်ရုံတွင် Model 3 ဆီဒင်နှင့် Model Y SUV တို့ကို ထုတ်လုပ်သည်။
Model 3 ကို ဗားရှင်းနှစ်မျိုးဖြင့်ရရှိနိုင်သည် - နောက်ဘီးယက် Model 3  ဗားရှင်း (ရောင်းဈေး ယွမ် ၂၃၁,၀၀၀) နှင့် မော်တာနှစ်လုံးတပ် ၄ ဘီးယက် Model 3 Performance ဗားရှင်း (ရောင်းဈေး ယွမ် ၃၃၁,၉၀၀) တို့ ဖြစ်သည်။ 
.
ယွမ် ၈,၀၀၀ အာမခံ ထောက်ပံ့ကြေးအပြင် လက်ကျန် Model 3 နောက်ဘီးယက်ဗားရှင်းကို ဝယ်ယူသည့်သူများသည်  အတိုးနှုန်းသက်သာသော ချေးငွေ ရရှိနိုင်ကြောင်း Tesla ၏ ပိုစတာတွင် ဖော်ပြထားသည်။ အသေးစိတ် အချက်အလက်များကို ဖော်ပြခြင်း မရှိပေ။
.
ယခုလို လက်ကျန်  Model 3 နောက်ဘီးယက်ဗားရှင်း ကားများကို ရှင်းထုတ်နေသည်မှာ များမကြာမီတွင် ပိုမိုကောင်းမွန်အောင် မွမ်းမံထားသည့်  Model 3 ဗားရှင်းအသစ်များ ထုတ်လုပ်မည့် အစီအစဉ် ရှိနေသောကြောင့်ဟု ယူဆကြသည်။ 
.
Tesla သည် မေလတွင် တရုတ်နိုင်ငံ၌ လက်လီရောင်းချမှု ၄၂,၅၀၈ စီး ရောင်းချခဲ့သည်။ တရုတ်ပြည်တွင်း စွမ်းအင်သစ်ကားစျေးကွက်တွင် ဝေစု ၇.၃ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင် ရပ်တည်နေကြောင်း China Passenger Car Association (CPCA) မှ ဇွန်လ 9 ရက်နေ့တွင် ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
.
မေလတွင် တရုတ်နိုင်ငံ၌  လက်လီရောင်းချအစီးရေမှာ Model 3 သည် ၁၁,၄၅၄ စီး ဖြစ်ပြီး Model Y သည် ၃၁,၉၅၄ စီး ဖြစ်သည်။ 
.
Model Y သည် မေလတွင် တရုတ်နိုင်ငံ၌ ရောင်းအားအကောင်းဆုံး SUV ဖြစ်ခဲ့သည်။ ဒုတိယနေရာတွင် BYD Yuan Plus  ရှိနေပြီး တတိယနေရာတွင်  BYD Song Plus  ရှိနေသည်။ 
Source cnevpost
 TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 459 times