ဂျပန်မှ အမှာစာများထံ Tesla Model Y  စတင်ပေးအပ်


ဂျပန်မှ အမှာစာများထံ Tesla Model Y  စတင်ပေးအပ်


Tesla Model Y သည် ကမ္ဘာတစ်ဝှမ်းတွင် လူကြိုက်များသည့် လျှပ်စစ်ကားစစ်စစ်အဖြစ်  ဆက်လက်ရပ်တည်လျက်ရှိသည်။

ပြီးခဲ့သောသောကြာနေ့(စက်တင်ဘာ ၉)တွင် ဂျပန်နိုင်ငံအတွက် ထုတ်လုပ်ထားသော Tesla Model Y ၏ ပထမဆုံးသော ကားပေးအပ်ပွဲ ကျင်းပခဲ့ပါသည်။
ဩစတြေးလျနှင့် နယူးဇီလန်တို့တွင် ကားများာစတင်ပေးအပ်ခဲ့ပြီး သုံးပတ်အကြာတွင် ဂျပန်မှာ ကားပေးအပ်ပွဲ ကျင်းပခဲ့သည်။


Twitter


ဂျပန်နိုင်ငံတွင် Model Y ကို ဇွန်လအစောပိုင်းကတည်းက ကြိုတင်အမှာစာ စတင်လက်ခံခဲ့ပါသည်။
လက်ရှိတွင် ဗားရှင်း ၂ မျိုး ရောင်းချပေးနေပါသည်။ Model Y RWD နှင့်  Model Y Performance တို့ ဖြစ်ပါသည်။


Model Y RWD အစပြုဈေးနှုန်းမှာ ¥6,190,000 ($46,156) ဖြစ်ပါသည်။
Model Y Performance အစပြုဈေးနှုန်းမှာ ¥8,090,000 ($60,324) ဖြစ်ပါသည်။
Model Y Long Range AWD ကို တရုတ်နှင့် ဟောင်ကောင်မှာသာ ရနိုင်ပြီး အခြားအာရှနိုင်ငံများတွင် ရောင်းချပေးခြင်း မရှိသေးကြောင်း သိရပါသည်။

 ယခင်က ဂျပန်‌တွင် Model 3 ကိုသာ ရနိုင်ပါသည်။ ရောင်းအားအနေအထားမှာ အခြားနိုင်ငံများကို မမီပါ။ ဂျပန်တွင် ဘက်ထရီအားသွင်းဖို့ လွယ်ကူရန်အတွက် စီစဉ်ပေးထားခြင်း မရှိသေးပါ။ 
လွန်ခဲ့သည့်လအနည်းငယ်က ဂျပန်အစိုးရသည်  ထောက်ပံ့ကြေးများနှင့် အားသွင်းသည့် အခြေခံအဆောက်အအုံ ထူထောင်ရန်အတွက် တစ်နှစ်လျှင် ကန်ဒေါ်လာ သန်း ၃၀၀ ဝန်းကျင် သုံးစွဲရန် သဘောတူခဲ့သည်။

Tesla က Supercharger အားသွင်းစတေရှင်များ ထားရှိရန် အစီအစဉ် ရှိပါသည်။
Source insideevs
#MyanmarAutomobileGuide 
 Telegram Channel  https://t.me/Guid4U

 

Read 480 times