လျှို့ဝှက် Tesla Motors မဟာအစီအစဉ်


လျှို့ဝှက် Tesla Motors မဟာအစီအစဉ်

အမေရိကန် ထိပ်တန်းလျှပ်စစ်ကား ထုတ်လုပ်ရေး လုပ်ငန်း Tesla ရဲ့ စီအီးအို အီလွန်မတ်စ်က Tesla အတွက် အောင်မြင်ရေး လမ်းစဉ်ကို ချမှတ်ထားပြီး မဟာအစီအစဉ် “master plan” ရေးဆွဲထားပါတယ်။ မဟာအစီအစဉ်ရဲ့ အပိုင်း(၁) နှင့် အပိုင်း(၂)  တို့ဖြင့် Tesla အောင်မြင်မှု လမ်းကြောပေါ် ရောက်ရှိလာခဲ့ပါတယ်။

အပိုင်း(၂)ကို ၆ နှစ်ကြာမောင်းနှင်နေခဲ့ပြီး ၂၀၂၂ မတ်လမှာ မတ်စ်က မဟာအစီအစဉ်ရဲ့ အပိုင်း(၃) ကို သူ လုပ်ကိုင်နေပြီလို့ အသိပေးပြောကြားခဲ့ပါတယ်။

၂၀၀၆ ဩဂုတ်လ ၂ ရက်မှာ မတ်စ်က မဟာအစီအစဉ်ကို ဘလော့မှာ ပို့စ်တင်ခဲ့ပါတယ်။

(မင်းနဲ့ငါပဲ သိတဲ့) လျှို့ဝှက် Tesla Motors မဟာအစီအစဉ် “The Secret Tesla Motors Master Plan (just between you and me)” လို့ မတ်စ်က ခေါင်းစဉ်ပေးထားပြီး လူတိုင်းဖတ်ရှုနိုင်အောင် လျှို့ဝှက် Tesla Motors မဟာအစီအစဉ် ကို အကျယ်တဝင့်တစ်ပိုင်း၊ လိုရင်းတိုရှင်း တစ်ပိုင်း နှစ်ပိုင်း ရေးသားဖော်ပြပေးထားပါတယ်။ အဆုံးသတ်မှာ ဘယ်သူ့မှ ပြောမပြပါနဲ့ Don't tell anyone. လို့ ပြောထားပါသေးတယ်။ 

လျှို့ဝှက် မဟာအစီအစဉ်ကို ဖော်ပြပါလင့်မှာ ဖတ်ရှုနိုင်ပါတယ်။

https://www.tesla.com/blog/secret-tesla-motors-master-plan-just-between-you-and-me

 မဟာအစီအစဉ် အပိုင်း(၁) နှင့် အပိုင်း(၂) အဆင့်များမှာ

အမြတ်မြိုးမြိုးမြက်မြက်ရတဲ့ အိမ်စီးပြိုင်ကားများ ထုတ်လုပ်ပါ။

ရလာတဲ့ငွေကို သုံးပြီး တန်ဖိုးသင့်ကားများ ထုတ်လုပ်ပါ။

ရလာတဲ့ ငွေကို သုံးပြီး ပိုမိုတန်ဖိုးသင့်တဲ့ ကားများ ထုတ်လုပ်ပါ။

အထက်ပါအချက်တို့ကို လုပ်ကိုင်နေစဉ် လေထုညစ်ညမ်းဓာတ်ငွေ့ ထုတ်လုပ်မှု ကင်းသော နည်းလမ်းများဖြင့် လျှပ်စစ်ပါဝါ ထုတ်လုပ်ရေးကို လုပ်ကိုင်ပါ။

အဆင်ချောချောတော့ မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ Tesla က ရတတ်သရွေ့ အကောင်အထည် ဖော်ခဲ့ပါတယ်။ အိမ်စီးပြိုင်ကား Roadster ထုတ်တယ်။ တန်ဖိုးသင့်ကား Model S ထုတ်တယ်။ နောက်တော့ Model 3 ထုတ်ပါတယ်။ 

၂၀၁၆ မှာ မတ်စ်က “Tesla Master Plan Part 2” ကို လိုက်နာဆောင်ရွက်ခဲ့ပါတယ်။ 

Part 2  မှ Tesla က Model 3  ထုတ်တယ်။ လျှပ်စစ်ပါဝါထုတ်ဖို့ Solar City ကုမ္ပဏီကို ဝယ်ယူခဲ့ပါတယ်။  မူလအစီအစဉ်ရဲ့ နောက်ဆုံး နှစ်ဆင့် ဖြစ်ပါတယ်။ 

မတ်စ်က ပြန်ပြည့်မြဲစွမ်းအင် ထုတ်လုပ်မှုနှင့် ရရှိလာတဲ့ စွမ်းအင်များကို သိုလှောင်မှုတို့ကို တစ်ပေါင်းတစ်စည်းတည်း လုပ်ကိုင်ဖို့ “Tesla Energy”  ဌာနခွဲ ထူထောင် ထားရှိပါတယ်။ ဆိုလာအမိုးပြား ဖန်တီးထုတ်လုပ်ဖို့ကိုလည်း လုပ်ကိုင်ခဲ့ပါတယ်။ 

နောက်ထပ် အစီအစဉ်တစ်ခု ထပ်တိုးခဲ့တာ ပင်ကိုမောင်းနှင်စွမ်းရည်များကို ကားမှာရှိနေစေရေးကို Tesla ရဲ့ ဦးစားပေးအစီအစဉ်အဖြစ် သတ်မှတ်ပြီး လုပ်ကိုင်ခဲ့ပါတယ်။ 

ဆိုလာအမိုးပြားတွေကို ဘက်ထရီသိုလှောင်မှုနှင် အဆင်ပြေပြေ ချောချောမွေ့မွေ့ ပေါင်းစပ်ပေးနိုင်ခဲ့ပါတယ်။ 

လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးကို အိမ်စီးပြိုင်ကားများနှင့် တန်းဖိုးသင့်ကားများ အပိုင်းအကန့် နှစ်မျိုးစလုံးမှာ စီးရေတိုးမြှင့် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ 

ပင်ကိုမောင်းနှင်စွမ်းရည်များကိုလည်း အဆင့်မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ လူမောင်းတာထက် ၁၀ ဆ ပိုစိတ်ချ၊ ပိုဘေးကင်းတဲ့အဆင့်သို့ ရောက်ရှိခဲ့ပါတယ်။ 

အစီအစဉ်မှာ ပါတဲ့ Cybertruck က နှောင့်နှေးနေခဲ့ပါတယ်။

Model Y compact SUV ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ 

ထရပ်ကားအကြီးစား  Tesla Semi ကို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ 

ကားစီးသူများပြားသိပ်သည်းတဲ့ မြို့ပြပို့ဆောင်ရေးအတွက် The Boring Company ထူထောင်ပြီး မြေအောက် ဥမင်လမ်းများ ဆောက်လုပ်ပါတယ်။ 

ယခု အပိုင်း(၃)ကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ လျှပ်စစ်ကားတွေမှာ သုံးစွဲတဲ့ ဘက်ထရီများအတွက် ကုန်ကြမ်းသတ္တုများ ရရှိရေးအတွက် သတ္တုတွင်းလုပ်ငန်း၊ သတ္တုရိုင်း သန့်စင်ရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှ့ လုပ်ကိုင်ဖို့ စူးစမ်းလေ့လာမှုများ လုပ်ကိုင်လျက် ရှိပါတယ်။ ဘက်ထရီအဟောင်းမှ သတ္တုများ တစ်ဖန်ပြန်လည်သုံးစွဲရေးကိုလည်း လုပ်ကိုင်နေပါတယ်၊

#MyanmarAutomobileGuide

Telegram Channel

https://t.me/Guid4U

Read 463 times