ဝါရှင်တန်ပြည်နယ် Tesla အားသွင်းပလပ်ကိုသာ သုံးစွဲရန်  စီစဉ်


ဝါရှင်တန်ပြည်နယ် Tesla အားသွင်းပလပ်ကိုသာ သုံးစွဲရန်  စီစဉ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ဝါရှင်တန်ပြည်နယ်သည် လျှပ်စစ်ကား အားသွင်းရုံ ဝန်ဆောင်မှု ကုမ္ပဏီများသည် ပြည်ထောင်စု ထောက်ပံ့ကြေးဖြင့်  အဝေးပြေးလမ်းများတွင် အီးဗီ အားသွင်းရုံ ထားရှိပါက  Tesla ၏ ပလပ်များကို မပါမဖြစ် ထည့်သွင်းထားရမည်ဟု ပြဋ္ဌာန်းရန် စီစဉ်နေသည်။
ယခင်က တက္ကဆက်ပြည်နယ်တွင် ပြဋ္ဌာန်းထားပြီးပြီဖြစ်သည်။ ဝါရှင်တန်ပြည်နယ်သည် Tesla ၏ အားသွင်းပလပ် ပြဋ္ဌာန်းသည့် ဒုတိယပြည်နယ် ဖြစ်လာမည်။ 
.
GM, Ford, Rivan တို့က မိမိဆန္ဒအလျောက် Tesla ၏  NACS သုံးစွဲပြီး ၎င်းတို့၏ အီးဗီများကို  Tesla ၏ စူပါအားသွင်းရုံများတွင် အားသွင်းခွင့်ကို Tesla နှင့် သဘောတူညီချက် ရယူထားကြပြီးပြီ ဖြစ်သည်။
.
Tesla ၏ North American Charging Standard (NACS) သည် တစ်နိုင်ငံလုံး လွှမ်းခြုံသည့် အမျိုးသားအားသွင်းနည်းပညာ ဖြစ်လာနိုင်ဖွယ် ရှိသည်။
.
သမ္မတဘိုင်ဒန်အစိုးရက အများသုံး Combined Charging System (CCS) ကို အသုံးများစေလိုသည်။ 
ပြည်ထောင်စုအဆင့် သတ်မှတ်ချက်မှာ အစိုးရ ထောက်ပံ့ကြေး ယူသည့် အားသွင်းရုံတိုင်းတွင် အနည်းဆုံး CCS အားသွင်းစက် ၄ ခု ရှိရမည်။ သို့ဖြစ်ရာ မျှမျှတတ ဖြစ်အောင် အနည်းဆုံး NACS ၂ ခု ထားရှိရန် ပြဋ္ဌာန်းမည်ဟု ဆိုသည်။ 
Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 438 times