မက္ကဆီကိုတွင် Tesla လျှပ်စစ်ကားစက်ရုံအသစ် ထားရှိမည်


မက္ကဆီကိုတွင် Tesla လျှပ်စစ်ကားစက်ရုံအသစ် ထားရှိမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Tesla Inc သည် မက္ကဆီကို အရှေ့မြောက်ပိုင်းရှိ စက်မှုဧရိယာတွင် လျှပ်စစ်ကားတပ်ဆင်ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရန် အစီအစဉ်များကို အပြီးသတ်လုပ်ဆောင်နေပါသည်။

စက်ရုံတည်ဆောက်မည့်အကြောင်းကို လာမည့်သီတင်းပတ်အစောပိုင်းတွင် ကြေညာနိုင်သည်ဟု Bloomberg News က သတင်းဖော်ပြခဲ့ပါသည်။

နွေဗိုလီယွန်ပြည်နယ်၏ မွန်တရီမြို့တော်ရှိ ဆန်တာ ကာတာရီယာတွင် စက်ရုံအတွက် မြေနေရာ ရွေးချယ်ထားပါသည်။

မက္ကဆီကို အစိုးရနှင့် ပြည်ပဆက်ဆံရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သော အဖွဲ့နှင့်အတူ နောက်ဆုံးအပြီးသတ် အသေးစိတ်အချက်အလက်များကို ဆက်လက်လုပ်ဆောင်နေပါသည်။
Tesla ၏အမှုဆောင်အရာရှိချုပ် Elon Musk သည် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မက္ကဆီကိုမြောက်ပိုင်းမှ နွေဗိုလီယွန် Nuevo Leon ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံရန် စဉ်းစားနေကြောင်း အောက်တိုဘာလတွင် ပြောကြားခဲ့သည်။

မက္ကဆီကိုနိုင်ငံမှ လျှပ်စစ်ကားတပ်ဆင်ထုတ်လုပ်ရေးစက်ရုံတွင် မည်သည့်မော်ဒယ်များ ထုတ်လုပ်မည်၊ မည်သည့်အချိန်တွင် စတင်ထုတ်လုပ်မည်ကို မသိရသေးပေ။ များမကြာခင် ထုတ်ပြန်မည့် ကြေညာချက်တွင် အသိပေးမည်ဟု မျှော်လင့်ရပါသည်။

Tesla ၏ စီအီးအို အီလွန်မတ်စ်က နွေဗိုလီယွန် ပြည်နယ်အုပ်ချုပ်ရေးမှူး Samuel Garcia နှင့်တကွ ပြည်နယ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးပြီဖြစ်ပါသည်။
ထို့ပြင် မက္ကဆီကိုနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော အမေရိကန်သံအမတ် Ken Salazar နှင့်လည်း တွေ့ဆုံခဲ့ပါသည်။
Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 

 


 

Read 373 times