၂၀၂၂ တွင် Tesla ရှယ်ယာ ၆၉% ဈေးကျ


 ၂၀၂၂ တွင် Tesla ရှယ်ယာ ၆၉% ဈေးကျ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Tesla ရှယ်ယာ ပေါက်ဈေး တောက်လျှောက် ကျဆင်းလာခဲ့ရာ တရုတ်ပြည်မှ ကားစက်ရုံကို လုပ်ရိုးလုပ်စဉ်မဟုတ်သော နှစ်သစ်ကူးကာလ ရပ်နားထားမည်ဟု ကြေညာသဖြင့် ရှယ်ယာဈေးနှုန်း ထပ်မံကျဆင်းသွားခဲ့သည်။ 
ယခုလို ရပ်နားခြင်းသည် ဝယ်လိုအား ကျဆင်း‌သဖြင့် ချိန်ညှိသည့်အနေဖြင့် စီးရေ လျှော့ထုတ်ရန် ဖြစ်မည်ဟု ထင်ကြေးပေးကြပြီး ရှယ်ယာ ဈေးကျသွားခြင်း ဖြစ်သည်။

၁၁ % ဈေးကျပြီး US$109.10 ဖြင့် ဈေးပိတ်ခဲ့သည်။ ဧပြီလနောက်ပိုင်း တောက်လျှောက်ဈေးကျဆင်းသည့် ခုနှစ်ကြိမ်မြောက် ဈေးအကျကြမ်းခြင်းဖြစ်ပြီး အများဆုံးဈေးကျခြင်းလည်း ဖြစ်သည်။

Tesla ၏ ရှယ်ယာများအားလုံး၏ စုစုပေါင်း ဈေးကွက်တန်ဖိုးမှာ အကြမ်းအားဖြင့် ကန်ဒေါ်လာ ၃၄၅ ဘီလီယံသို့ ကျဆင်းသွားသည်။ တန်ဖိုးအကြီးဆုံး ကုမ္ပဏီများ ထိပ်တန်း(၁၀) စာရင်း အပြင်သို့ ရောက်ရှိသွားသည်။ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ၎င်းထိပ်တန်း(၁၀) စာရင်းသို့ ဝင်ခဲ့ပြီး ယခုအကြိမ်သည် ပထမဆုံးအကြိမ် ထိပ်တန်း(၁၀) စာရင်း အပြင်သို့ ပြုတ်ကျသွားခြင်းဖြစ်သည်။

၂၀၂၂ တွင် Tesla ၏ ရှယ်ယာများ စုစုပေါင်း တန်ဖိုး ကန်ဒေါ်လာ ၂၇၀ ဘီလီယံ ဆုံးရှုံးခဲ့သည်။

Tesla သည် အမေရိကန်ဈေးကွက်တွင် ရောင်းအားအကောင်းဆုံး မော်ဒယ်လ်နှစ်ခုကို ယခုနှစ်မကုန်မီ ဝယ်ယူပါက US$ 7,500 ဈေးလျှော့ပေးမည်ဟု ကြေညာခဲ့ရာ အမေရိကန်ဈေးကွက်တွင် ရောင်းအား ကျဆင်းသဖြင့် ဈေးလျှော့ပေးပြီး အရောင်းမြှင့်တင်ပေးခြင်းဟု ယူဆကြသည်။
ယခုတစ်ဖန် တရုတ်ပြည်တွင် ထုတ်လုပ်မှု ယာယီရပ်ခြင်းသည် တရုတ်ပြည်တွင်းဈေးကွက်တွင်လည်း Tesla ရောင်းအားကျခြင်း ဖြစ်မည်ဟု ယူဆကြသဖြင့် ရှယ်ယာများ ထုတ်ရောင်းကြရာ ရှယ်ယာဈေးများ ကျဆင်းကုန်သည်။

၂၀၂၂ ခုနှစ်တွင် Tesla ရှယ်ယာများသည်တန်ဖိုး  ၆၉ ရာခိုင်နှုန်း ဆုံးရှုံးသွားခဲ့သည်။
Tesla ၏ စီအီးအို Mr Musk က လူမှုကွန်ရက် Twitter ကို ဝယ်ယူလိုက်ပြီးနောက် တွစ်တာအတွက် အချိန်သုံးနေပြီး Tesla ကို လှည့်မကြည့်သည့်အတွက်ကြောင့်လည်း ရှယ်ယာရှင်များ စိတ်ပျက်ကုန်ကြသည့်အတွက် ရှယ်ယာများ ထုတ်ရောင်းကြသည်။ ရောင်းလိုအား များလာသည့်အခါ ရှယ်ယာများ ဈေးကျဆင်းကုန်သည်။

ဘူးလေးရာ ဖရုံဆင့် ကားများ ဈေးလျှော့ရောင်းခြင်း၊ စက်ရုံယာယီပိတ်ခြင်းများကြောင့်လည်း ထင်ကြေးအမျိုးမျိုး ဖြစ်ပေါ်ပြီး ရှယ်ယာများ ဈေးကျဆင်းကုန်သည်။

လေ့လာသုံးသပ်သူများက Tesla တစ်နှစ်တာ ဝင်ငွေသည် ပျမ်းမျှအားဖြင့် ၂၀၂၂  ခုနှစ်တွင် ၅၄% နှင့် ၂၀၂၃ ခုနှစ်တွင် ၃၇% တိုးလာရန် မျှော်လင့်ထားကြောင်း Bloomberg သတင်းတွင် ဖော်ပြထားသည်။
Source Bloomberg 
 

Read 2534 times