တရုတ်နိုင်ငံမှ Tesla အကြီးအကဲနှင့်အဖွဲ့ အမေရိကန် Tesla စက်ရုံများတွင် တာဝန်ထမ်းဆောင်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
အမေရိကန်နိုင်ငံ အခြေစိုက် Tesla Inc ၏ တရုတ်ပြည် လုပ်ငန်းကဏ္ဍ အကြီးအကဲ Tom Zhu နှင့် အဖွဲ့သည် အမေရိကန်နိုင်ငံရှိ Tesla စက်ရုံများတွင် ထုတ်လုပ်ရေးကိစ္စရပ်များကို ကိုင်တွယ်ပေးရန် အမေရိကန်နိုင်ငံတွင် ရောက်ရှိနေကြသည်။
Tesla Inc ၏ စီအီးအို Elon Musk သည် လူမှုကွန်ရက် ပလက်ဖောင်း Twitter ကို ကိုယ်ပိုင်လုပ်ငန်းအဖြစ် များမကြာသေးခင်က ဝယ်ယူခဲ့ပြီး Twitter အတွက် အချိန်ကုန်နေစဉ် Tom Zhu နှင့်အဖွဲ့ကို တရုတ်ပြည်မှ အမေရိကန်သို့ ခေါ်ယူလိုက်ခြင်း ဖြစ်သည်။
Tesla ၏ အာရှလုပ်ငန်းကဏ္ဍ ဆောင်ရွက်မှုများကို ဦးစီးသည့် Zhu သည် Shanghai Gigafactory ကားစက်ရုံမှ မန်နေဂျာ Song Gang အပါအဝင် အဖွဲ့တစ်ဖွဲ့နှင့် အတူ အမေရိကန်သို့ ဆိုက်ရောက်လာသည်။
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားနှင့် တက္ကဆက်ရှိ Tesla ကားစက်ရုံများတွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာကြခြင်း ဖြစ်သည်။
Zhu နှင့် အဖွဲ့သည် ယခုနှစ် ဩဂုတ်လတွင် Tesla အတွက် အမေရိကန်သို့ ပထမဆုံးအကြိမ် ခရီးထွက်ခဲ့ကြသည်။
Zhu နှင့် အဖွဲ့မှ လုပ်ဆောင်သည့် ပရောဂျက်များထဲတွင် Tesla ၏ နှစ်ရှည်လများ နှောင့်နှေးနေသည့် နောက်ထပ်မော်ဒယ်အသစ် Cybertruck လည်း ပါဝင်သည်။
တက္ကဆက်ပြည်နယ် ဩစတင်ရှိ Tesla ကားစက်ရုံသည် Model Y ထုတ်လုပ်စီးရေ တိုးမြှင့် ထုတ်လုပ်နိုင်အောင် စီမံဆောင်ရွက်လျက် ရှိသည်။ ထို့ပြင် Cybertruck ထုတ်လုပ်ရန် အသင့်အနေအထား ရောက်ရှိအောင် ဆောင်ရွက်နေသည်။
ကယ်လီဖိုးနီးယားပြည်နယ် ဖရီးမွန့်ရှိ Tesla ကားစက်ရုံသည် Model 3 ဗားရှင်းအသစ် ထုတ်လုပ်ရန် အသင့်ပြင်ဆင်နေသည်။ ရှန်ဟိုင်းမှ Tesla ကားစက်ရုံသည်လည်း လာမည့်နှစ်တွင် Model 3 ဗားရှင်းအသစ် စတင်ထုတ်လုပ်မည် ဖြစ်သည်။
ဩစတင်စက်ရုံတွင် Cybertruck နှင့် ဘက်ထရီများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် သီးသန့်အပိုင်းအကန့်တွင် အလုပ်လုပ်နေသော တရုတ်အင်ဂျင်နီယာများကို မြင်တွေ့ရသည်။
Tesla သည် လာမည့်နှစ်တွင် Cybertruck ထုတ်လုပ်မှုကို စတင်ရန် လျာထားပါသည်။
ဖရီးမွန့်စက်ရုံတွင် တရုတ်အင်ဂျင်နီယာများသည် Model Y ကိုယ်အောက်ပိုင်း တပ်ဆင်မှုကဏ္ဍကို
လုပ်ဆောင်နေပါသည်။
Tesla သည် တစ်ပတ်လျှင် Model Ys စီးရေ ၃,၀၀၀ အထိ ထုတ်လုပ်နိုင်သည့် ထုတ်လုပ်မှု မှတ်တိုင်အသစ်ကို ဂုဏ်ပြုရန်အတွက် ဩစတင်စက်ရုံမှ ဓာတ်ပုံတစ်ပုံကို လူမှုကွန်ရက်ပလက်ဖောင်း တွစ်တာတွင် ဖော်ပြခဲ့ပါသည်။
၎င်းဓာတ်ပုံတွင် Zhu သည် စက်ရုံလုပ်သားများနှင့်တူ စက်ရုံကြမ်းပြင်တွင် ပြုံးပြနေသည်ကို တွေ့ကြရသည်။
Zhu သည် တရုတ်နိုင်ငံတွင်မွေးဖွားခဲ့ပြီး ယခုအခါ နယူးဇီလန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည်။ ကိန်းခန်းမကြီးသော မန်နေဂျာ ဖြစ်သည်။ Tesla တံဆိပ်တပ်ထားသည့် တူညီဝတ်စုံ ဂျက်ကက် ဝတ်ဆင်သည်။ Shanghai Gigafactory အနီး ကားဖြင့်သွားလျှင် ၁၀ မိနစ်ဖြင့် ရောက်သည့် တိုက်ခန်းတွင် နေထိုင်သည်။ ၎င်းတိုက်ခန်းသည် အစိုးရထောက်ပံ့ကြေး ပေးထားသည့် တိုက်ခန်းဖြစ်သည်။
Musk သည် ၂၀၂၂ ဇွန်လအစောပိုင်းတွင် ရုံးတွင်းစာတိုတစ်စောင် ပေးပို့ခဲ့ရာ၌
သူ့တွင် စီးပွားရေး အခြေအနေနှင့် ပတ်သက်၍ အလွန်အမင်း ဆိုးဝါးလာလိမ့်မည်ဟု စိတ်ထဲ ခံစားမိကြောင်း ဖော်ပြထားသည်။ ရှန်ဟိုင်းကားစက်ရုံတွင် ကိုဗစ်လော့ဒေါင်းကြောင့် ထုတ်လုပ်မှု ကျဆင်းနေသည်။
Zhu လက်ထက်တွင် Tesla Shanghai သည် ၂၀၂၂ အတွက် ရည်မှန်းချက်ပန်းတိုင် ဖြစ်သော Tesla ကားထုတ်လုပ်မှု ၅၀% တိုးမြှင့်ရန် လျာထားချက် ပြည့်လုနီးပါးအထိ တိုးတက်မှု ရရှိခဲ့သည်။ ရှန်ဟိုင်းစက်ရုံကို လော့ဒေါင်းချထားသည့်ကြားမှ ပြန်လည်ရုန်းထလာနိုင်ခဲ့သည်။
ရှန်ဟိုင်းအစုိးရမှ တာဝန်ရှိသူများ၏အကူအညီဖြင့် Zhu သည် ထောင်နှင့်ချီသောအလုပ်သမားများနှင့် ပေးသွင်းသူများအား စက်ရုံဝင်း အလုံပိတ်ပြီး စက်ရုံမှာ ခြောက်ပတ်ကျော်နေခိုင်းခြင်းဖြင့် လုပ်ငန်းများကို ပြန်လည်စတင်ခဲ့သည်။
Zhu ကိုယ်တိုင်ကလည်း စက်ရုံမှာ နေထိုင်ခဲ့ရာ အခြားသူများထက် ရက်ပိုကြာကြာ နေခဲ့သည်။ စက်ရုံမှာ အိပ်သည်။
ယခုအခါ ဖရီးမွန့်စက်ရုံသည် ထုတ်လုပ်စီးရေ တိုးမြှင့်နိုင်ရန် ကြိုးပမ်းနေသည်။
Zhu ကြီးကြပ်ကွပ်ကဲသည့် ရှန်ဟိုင်းစက်ရုံတွင် လုပ်သားအင်အား ၂ သောင်းကျော်ရှိပြီး တတိယ ၃လပတ်တွင် ထုတ်လုပ်မှု ဦးပြန်မော့နိုင်ခဲ့သည်။ Model Y နှင့် Model 3 တို့ကို ဒုတိယ ၃ လပတ်ထက် ၇၀% ပိုမို ထုတ်လုပ်နိုင်ခဲ့သည်။
တတိယ ၃လပတ်၏ အဆုံးသတ် လဖြစ်သော စက်တင်ဘာလတွင် Tesla ၏ ကမ္ဘာတစ်လွှား ထုတ်လုပ်မှုစီးရေ စုစုပေါင်း၏ ထက်ဝက်ကျော်ကို ရှန်ဟိုင်းစက်ရုံမှ ထုတ်လုပ်ခဲ့သည်။
Source Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U