တိုယိုတာ TownAce အပါအဝင် မော်ဒယ် ၃ ခု ထုတ်လုပ်ခွင့် လိုင်စင်ပိတ်သိမ်းမည်


တိုယိုတာ TownAce အပါအဝင် မော်ဒယ် ၃ ခု ထုတ်လုပ်ခွင့် လိုင်စင်ပိတ်သိမ်းမည်

TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U


ဂျပန်နိုင်ငံ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနသည် Daihatsu Motor  ကားမော်ဒယ်လ် ၃ခု ထုတ်လုပ်ရန် အတွက် လိုအပ်သော လိုင်စင်များကို ဖျက်သိမ်းရန် စီစဉ်နေသည်။

ဒီဇင်ဘာလတွင်  ကားကို စမ်းသပ်စစ်ဆေးမှု ခံယူရာတွင် မသမာသောနည်းလမ်းများ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲခဲ့ကြောင်း သိရှိခဲ့ရပြီးနောက် အရေးယူ ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။

လိုင်စင်ဖျက်သိမ်းမည့် မော်ဒယ် ၃ ခုမှာ 
• ဒိုင်ဟပ်စုမှ ထုတ်လုပ်သည့် Gran Max
• တိုယိုတာအတွက် ထုတ်လုပ်ပေးသည့် TownAce
• မာဇဒါအတွက် ထုတ်လုပ်ပေးသည့် Bongo တို့ ဖြစ်ပါသည်။


ဖျက်သိမ်းခြင်းမပြုမီ ဝန်ကြီးဌာနသည် ကုမ္ပဏီနှင့်ကြားနာမှုကို ဇန်နဝါရီ ၂၃ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။

 
ဂျပန်နိုင်ငံတွင် ကျင့်သုံးသည့် လုပ်ထုံးလုပ်နည်းအရ မော်ဒယ်အသစ် ထုတ်လုပ်သည့်အခါ စမ်းသပ်စစ်ဆေးမှု ခံယူရန် နမူနာကား အရင်ထုတ်လုပ်ပေးရသည်။ ဝန်ကြီးဌာနက နမူနာကားကို စမ်းသပ်စစ်ဆေးပေးသည်။ ဘေးကင်းရေ လိုအပ်ချက်များ ကိုက်ညီကြောင်း တွေ့ရလျှင် ထုတ်လုပ်ခွင့်လိုင်စင်လက်မှတ် ထုတ်ပေးမည် ဖြစ်သည်။ 

ထုတ်လုပ်ခွင့် လိုင်စင် မရှိဘဲ ထုတ်လုပ်ပါက ထုတ်လုပ်သည့် အစီးတိုင်း တစီးမကျန် စမ်းသပ်စစ်ဆေးမှု ခံယူရန် လိုအပ်သည်။ သို့ဖြစ်ရာ လက်တွေ့တွင် ကားများ အ‌လုံးအရင်းဖြင့် ထုတ်လုပ်ဖို့ မဖြစ်နိုင်ပါ။ 
သို့ဖြစ်ရာ ဒိုင်ဟပ်စုသည် ပိတ်သိမ်းခံရသည့် လိုင်စင်များ ပြန်လည်ခွင့်ပြုချက် ရရှိမှသာ ၎င်းမော်ဒယ်များကို ပြန်လည်ထုတ်လုပ်နိုင်မည် ဖြစ်သည်။

Source Asia Nikkei 
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U

Read 631 times