အောက်တိုဘာလမှာ Toyota စက်ရုံ ၇ ရုံတွင် ထုတ်လုပ်မှုလိုင်းများ ရက်ပိုင်း ရပ်ဆိုင်းထားမည်


အောက်တိုဘာလမှာ Toyota စက်ရုံ ၇ ရုံတွင် ထုတ်လုပ်မှုလိုင်းများ ရက်ပိုင်း ရပ်ဆိုင်းထားမည်

.
Toyota သည် ချစ်ပ်အပါအဝင် ပစ္စည်း ပြတ်လပ်မှုများကြောင့် တစ်နှစ်ပတ်လုံး ထုတ်လုပ်မှု စက်ရုံအများအပြားကို ယာယီရပ်ဆိုင်းထားခဲ့ရပြီး ယခု အောက်တိုဘာလတွင်လည်း ယာယီရပ်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။
.
ကုမ္ပဏီက Toyota စက်ရုံ ဂျပန်နိုင်ငံမှာ ၁၄ ရုံရှိပြီး ထုတ်လုပ်ရေးလိုင်း ၂၈ လိုင်း ရှိတာမှာ  လာမယ့်လတွင် ဂျပန်နိုင်ငံရှိ စက်ရုံခုနစ်ရုံရှိ  ထုတ်လုပ်ရေးလိုင်း တစ်ဆယ်လိုင်းတွင် လုပ်ငန်းလည်ပတ်မှုကို ၁၂ ရက်ကြာ ယာယီပိတ်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့ပါတယ်။
.
ရပ်ဆိုင်းတဲ့အထဲ ပါဝင်တဲ့ မော်ဒယ်များမှာ GR Yaris, Land Cruiser Prado, 4Runner, RAV4, FJ Cruiser, Lexus တို့ ဖြစ်ပါတယ်။
.
တိုယိုတာက  လစဉ် ထုတ်လုပ်မှု အစီအစဥ်ကိုလည်း ချိန်ညှိထားကြောင်း ပြောကြားပါတယ်။
.
မူလအစီအစဉ်အရ စက်တင်ဘာလမှ နိုဝင်ဘာလအထိ လစဉ် စီးရေ ကိုးသိန်း ထုတ်လုပ်ရမှာ ဖြစ်ပေမဲ့ ယခု အောက်တိုဘာလမှာ စီးရေ ရှစ်သိန်း ထုတ်လုပ်ဖို့ လျာထားပါတယ်။ ဂျပန်မှာ စီးရေ နှစ်သိန်းခွဲ၊ ပြည်ပမှာ စီးရေ ငါးသိန်းခွဲ ထုတ်လုပ်ပါမယ်။
.
အခုလို စီးရေ လျှော့ထုတ်ရတာ လစဉ်ကြုံနေရပေမဲ့ ၂၀၂၃ မတ်လကုန်မှာ ပြီးဆုံးမယ့် ဘဏ္ဍာရေးနှစ် တစ်နှစ်တာ ထုတ်လုပ်မှု လျာထားချက် စီးရေ ၉.၇ သန်းကို ဆက်လက်လျာထားပါတယ်။ 
Source autorevolution 
#MyanmarAutomobileGuide 
To join Telegram Channel  https://t.me/Guid4U

Read 9466 times