ထိုင်းထက် နိမ့်သော Toyota bZ4X အင်ဒိုနီးရှားဈေးကွက်ထဲ စတင်ရောင်းချ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
အာဆီယံ နိုင်ငံများအနက် ထိုင်းနိုင်ငံတွင် ပွဲဦးထွက် Toyota bZ4X EV ကို စတင်ရောင်းချခဲ့ပြီး ယခုအခါ အင်ဒိုနီးရှားတွင်လည်း ရောင်းချနေပြီဖြစ်သည်။
.
အင်ဒိုနီးရှားတွင် bZ4X ကို ဗားရှင်း တစ်မျိုးတည်းသာ ရောင်းချသည်။ ထိုင်းတွင် ရောင်းချသည့် bZ4X နှင့်လည်း အတော်ကွာခြားသည်။
71.4-kWh လစ်သီယံအိုင်ယွန် ဘက်ထရီ သုံးထားတာခြင်း တူသော်လည်း ပါဝါကို ရှေ့ခြမ်းမှာ ထိုင်ထားသည့် လျှပ်စစ်မော်တာထံသို့သာ ပေးပို့သည်။ မော်တာသည် ပါဝါ 201 hp (150 kW) အထိ ထုတ်ပေးနိုင်ပြီး ရုန်းအား 266 Nm အထိ ရနိုင်သည်။
နှိုင်းယှဉ်ကြည့်မည်ဆိုပါက အင်ဒိုနီးရှား bZ4X သည် ထိုင်း bZ4X ထက် နိမ့်သည်။
ထိုင်း bZ4X သည် ၄ ဘီးယက်AWD ဖြစ်ပြီး ရှေ့ဘီးများအတွက် မော်တာတစ်လုံး၊ နောက်ဘီးများအတွက် မော်တာတစ်လုံး စုစုပေါင်း မော်တာ ၂ လုံးပါသည်။ မော်တာ ၂ လုံး စုစုပေါင်း ပါဝါ 215 hp (160 kW) နှင့် ရုန်းအား 338 Nm ထုတ်ပေးနိုင်သည်။
အင်ဒိုနီးရှား bZ4X သည် ရှေ့ဘီးယက် ဖြစ်သဖြင့် ဘက်ထရီ အစားသက်သာပြီး ခရီးတာ ပိုဝေးဝေးသွားနိုင်သည်။
.
အင်ဒိုနီးရှား bZ4X သည် ခရီးတာ 500 km အထိ သွားနိုင်ပြီး ထိုင်း bZ4X သည် ခရီးတာ 411 km အထိ သွားနိုင်သည်။
အားသွင်းစနစ် အတူတူပင် ဖြစ်သည်။ AC charging (Type 2 connection) သုံးနိုင်ပြီး 6.6 kW အထိ ရသည်။ DC အမြန်အားသွင်း (CCS2 connection) လည်း သုံးနိုင်ပြီး 150 kW အထိ ရသည်။ DC အမြန်အားသွင်း သုံးပါက 0-80% အားသွင်းချိန် မိနစ် ၃၀ မျှသာ ကြာမြင့်သည်။
ဘက်ထရီ အာမခံချက် ထိုင်းနှင့် အင်ဒိုနီးရှား အတူတူ ပေးထားသည်။ ၈ နှစ် ၊ 160,000-km အထိ အာမခံချက် အသက်ဝင်သည်။
.
Toyota bZ4X ကို ဗီယက်နမ်၊ ထိုင်း တို့တွင် စတင်ရောင်းချခဲ့ပြီး အင်ဒိုနီးရှားတွင် တတိယမြောက် အာဆီယံနိုင်ငံအဖြစ် စတင်ရောင်းချခဲ့သည်။ စတုတ္ထမြောက် အာဆီယံနိုင်ငံအဖြစ် မလေးရှားတွင် ၂၀၂၃ နှစ်ဆန်းပိုင်းတွင် စတင်ရောင်းချမည်ဟု သိရသည်။
.
အင်ဒိုနီးရှားတွင် Toyota bZ4X ကို ရူပီယာ ၁.၁၉ ဘီလီယံဖြင့် ရောင်းချသည်။ ကန်ဒေါ်လာ ၇၆,၁၇၀ ဝန်းကျင် ဖြစ်သည်။
.
ထိုင်းတွင် Toyota bZ4X ကို ဘတ် ၁.၈၃၆ သန်းဖြင့် ရောင်းချသည်။ ကန်ဒေါ်လာ ၅၁,၃၃၀ ဝန်းကျင် ဖြစ်သည်။
ထိုင်း bZ4X က ပိုမြင့်သော်လည်း အင်ဒိုနီးရှား bZ4X ထက် ဈေးသက်သာနေရသည်မှာ ထိုင်းအစိုးရက အီးဗီဝယ်ယူသူတိုင်းကို သတ်မှတ်ထားသည့် ထောက်ပံ့ကြေး ပေးအပ်သဖြင့် ၎င်းထောက်ပံ့ကြေး ပမာဏ နုတ်ပယ်ထားပြီးသော ဈေးနှုန်းဖြင့် ရောင်းချသောကြောင့် ဖြစ်ပါသည်။
Source carspiritpk
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U