ရှားပါးကား Toyota Mega Cruiser လေလံတင်


ရှားပါးကား Toyota Mega Cruiser လေလံတင်

 

Toyota ရဲ့ ရှားရှားပါးပါး  မော်ဒယ်များထဲမှ တစ်ခုဖြစ်တဲ့ Toyota Mega Cruiser ကို ဩစတေးလျလေလံဌာနမှာ လေလံပစ်ထားပါတယ်။ Toyota Mega Cruiser  က အရွယ်အစား ကြီးမားပြီး အကြမ်းခံတဲ့ ၄ ဘီးယက် SUV မော်ဒယ် ဖြစ်ပါတယ်။ Toyota ထုတ်လုပ်သမျှ ၄ ဘီးယက်ကားတွေထဲမှာ ‘’မီဂါ’ Mega လို့ မော်ဒယ်အမည်ပေးထားတဲ့အတိုင်း အရွယ်အစား အကြီးမားဆုံး ဖြစ်ပါတယ်။

 

Toyota က Mega Cruiser ကို ၁၉၉၅ မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။  Hummer H1 ရဲ့ ဒီဇိုင်းဩဇာအရိပ်အောက်မှာ ရောက်နေတဲ့ ဒီဇိုင်းဖြစ်တာကြောင့် Hummer H1  နှင့် ဆင်ဆင်တူနေပါတယ်။ အမြင့်က Hummer ထက် ၈ လက်မ ပိုမြင့်ပါတယ်။ ဝမ်းဗိုက်အမြင့်က ၂ ပေ ဖြစ်ပါတယ်။

 

Mega Cruiser  ကို စစ်သုံးယာဉ်အဖြစ် ဒီဇိုင်းထုတ်ထားပြီး စီးရေ ၂,၄၂၀ ထုတ်လုပ်ခဲ့ပါတယ်။ အရပ်ဖက်အတွက် ဒီဇိုင်းဖြင့် စီးရေ ရာဂဏန်းမျှသာ ထုတ်လုပ်ခဲ့ပြီး ဂျပန်ပြည်တွင်း ဈေးကွက်မှာသာ ရောင်းချခဲ့ရာ ၁၃၃ စီး ရောင်းချခဲ့ပါတယ်။ ပြည်ပသို့ ကားပိုင်ရှင်တွေကသာ မိမိအစီအစဉ်ဖြင့် ပေးပို့ခဲ့ပါတယ်။ Toyota က တင်ပို့ခြင်း မပြုခဲ့ပါဘူး။ စစ်သုံးနှင့် အရပ်ဖက်သုံး ၂ မျိုးစလုံး ပြည်ပနိုင်ငံ အချို့ထံသို့ ရောက်ရှိခဲ့ပါတယ်။

 

Toyota က ရောင်းအား နှေးလွန်းတဲ့အတွက် ၂၀၀၁ မှာ ထုတ်လုပ်မှု အပြီးအပိုင် ရပ်ခဲ့ပါတယ်။ ယခု အွန်လိုင်းမှာ လေလံပစ်ထားတဲ့   Mega Cruiser က ၂၀၀၀ ပြည့်နှစ်မှာ ထုတ်လုပ်ခဲ့တဲ့ကား ဖြစ်ပါတယ်။ တံခါး ၂ ပေါက် SUV ဖြစ်ပြီး 4.1 I4 လီတာ ဆလင်ဒါ ၄ လုံး တာဘို ဒီဇယ်အင်ဂျင် ဖြစ်ပါတယ်။

အော်တိုဂီယာ ၄ ချက် ဖြစ်ပါတယ်။ စစ်သုံးယာဉ်အဖြစ် ထုတ်လုပ်တဲ့ Mega Cruiser ဖြစ်ပါတယ်။ လူအများအသုံးပြုတဲ့ လမ်းတွေမှာ မောင်းနှင်ခွင့် မရှိပါဘူး။ Kong vs. Godzilla ရုပ်ရှင်ကား ရိုက်ကူးရေးအတွက် ဩစတေးလျကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ယခုအခါ Mega Cruiser စစ်ဖက်သုံး ကားစီးရေ ၉၀၀ ဝန်းကျင်မျှသာ ကျန်ရှိပါတယ်။

 

လေလံ စာမျက်နှာ လင့်

 

https://www.lloydsonline.com.au/LotDetails.aspx

 

 #MyanmarAutomobileGuide 

 

 Telegram Channel  https://t.me/Guid4U

 

Read 2435 times