အီးဗီသို့ ကူးပြောင်းပေးရမည့် Toyota Motor ဦးစီးပဲ့ကိုင်အသစ် Sato 


အီးဗီသို့ ကူးပြောင်းပေးရမည့် Toyota Motor ဦးစီးပဲ့ကိုင်အသစ် Sato 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဂျပန်နိုင်ငံ၏ အကြီးဆုံး မော်တော်ကားထုတ်လုပ်သူနှင့် တန်ဖိုးအရှိဆုံး ကုမ္ပဏီ၏ ဥက္ကဋ္ဌ(President) အသစ်အဖြစ် တာဝန်ယူသော  Koji Sato သည်  Toyota Motor ကို ကားထုတ်လုပ်သူမှအဖြစ်မှ "ရွေ့လျားနိုင်မှုဆိုင်ရာ ကုမ္ပဏီ" "mobility company"အဖြစ်သို့ အပြည့်အဝ ကူးပြောင်းရောက်ရှိအောင် လုပ်ဆောင်ဖို့ တာဝန်ပေးအပ်ခြင်းခံရသည်။

Akio Toyoda က အသက် ၅၃ နှစ်အရွယ်ရှိသူ Koji Sato ကို အကြီးအကဲအသစ်အဖြစ် မိတ်ဆက်ပေးခဲ့သည်။ 
နှစ်လရှည်ကြာစွာ အင်ဂျင်နီယာတစ်ဦး ဖြစ်ခဲ့သူ Koji Sato သည် ယခုအခါ  လေဆန်များ တိုက်ခတ်နေသည့် ကားလုပ်ငန်းကဏ္ဍထဲတွင် ခပ်ကြမ်းကြမ်း ခပ်သွက်သွက် ပြိုင်ဆိုင်နေကြသည့် ပြိုင်ဘက်များအကြား Toyota Motor ကုမ္ပဏီအား လိုရာသို့ အချိန်မီ ရောက်အောင် ပဲ့ကိုင်ပေးရမည် ဖြစ်သည်။
Koji Sato ကို အကြီးအကဲ President ခန့်အပ်ကြောင်း ဆိုင်းမပါဗုံမဆင့် ကြေညာခြင်း မပြုခင် ၂ ပတ်အလိုတွင် တိုကျိုမြိုအနီးရှိ ကားပြပွဲသို့ ထိုစဉ်က president နှင့် စီအီးအို Akio Toyoda နှင့်အတူ Koji Sato တက်ရောက်ခဲ့သည်။ 
၁၉၈၀ ပြည့်လွန်နှစ်များတွင် အမာခံပရိသတ်အများအပြား၏ ရင်ထဲ ရောက်ခဲ့သည့် Toyota ရှားပါးပြိုင်ကား AE86 ပိုင်ရှင်နှင့် AE86 ကိုချစ်ခင်မြတ်နိုးသူအဖြစ် Koji Sato ကို Akio Toyoda က မိတ်ဆက်ပေးခဲ့သည်။

 

Koji Sato က အကြီးအကဲရာထူးကို ရယူပြီးခါစ ပထမဆုံးကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် သူက "ကားတွေ ပြုလုပ်ရတာကို ကျွန်တော် မြတ်နိုးတယ်။ အဲဒါကြောင့်လည်း ကားတွေ ဆက်လက်ဖန်တီးနိုင်ဖို့ ကျွန်တော် အကြီးအကဲ ဖြစ်ချင်တာ ဖြစ်ပါတယ်။ Toyota ဟာ ကားများရဲ့ ပုံသဏ္ဍာန်တွင် မည်သို့ရှိသင့်သည်ကို ပြသပါမယ်" ဟု ပြောကြားသည်။

၁၉၉၂ တွင် Waseda တက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာအဓိကဖြင့်ဘွဲ့ရခဲ့သူ Sato သည် Toyota ကားများကို နှစ်ပေါင်း ၃၀ တည်ဆောက်ခဲ့သည်။ ယနေ့ Toyota ၏ အထင်ကရ ဟိုက်ဘရစ်ကား Prius ၊ ဟိုင်ဒြိုဂျင်ဖြင့် မောင်းနှင်သော Corolla ပြိုင်ကားတို့ကို Sato တည်ဆောက်ခဲ့သည်။
သူသည် အင်ဂျင်နှီယာချုပ် တာဝန်ထမ်းဆောင်ခဲ့သည်။ Toyota Motor ၏ အကြီးအကဲ မဖြစ်ခင်က စည်းစိမ် brand ဖြစ်သော Lexus ၏ အကြီးအကဲ president ဖြစ်ခဲ့သည်။

ဝါရင့်အင်ဂျင်နီယာ Sato ကို Toyoda မှ "Toyota ၏ ဒဿန၊ နည်းစနစ်များနှင့် အမူအကျင့်များရယူရန် ကားထုတ်လုပ်ရေးတွင် ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့သူ" အဖြစ် သတ်မှတ်ထားသည်။


ထိုအရည်အသွေးများနှင့် ပြည့်ဝသဖြင့် Sato ကို အကြီးအကဲအဖြစ် Toyoda က ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။


ာ်တော်ယာဉ်ကဏ္ဍ ကာဘွန်ဒိုင်အောက်ဆိုဒ် CO2 မထုတ်လွှတ်ရေး ပန်းတိုင်သို့ သွားရန် Toyoda က နည်းလမ်းစုံ သုံးရမည်ဟူသည့် မူဝါဒကို ကိုင်စွဲထားသည်။ အီးဗီတစ်မျိုးတည်း အစား ဟိုက်ဘရစ်နှင့် ဟိုက်ဒြိုဂျင် ကားများလည်း ပါဝင်ရမည်ဟု Toyoda က အခိုင်အမာ ပြောကြားသည်။


Sato သတင်းစာ ရှင်းလင်းပွဲတွင် "အဲဒီ ပန်းတိုင်ကို ရောက်ဖို့ လျှပ်စစ်အသုံးပြုခြင်းဟာ တစ်ခုတည်းသောနည်းလမ်း မဟုတ်ပါ။ နည်းမျိုးစုံဖြင့် သွားရပါမယ်" ဟု ပြောကြားခဲ့သည်။ 


Source Asia Nikkei 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 2382 times