အဦးဆုံးထုတ် Toyota Tundra ၂ စီး အလှူအတွက် လေလံပစ်ခဲ့ရာ ဒေါ်လာ ၁.၂ သန်း ရရှိ
Toyota က အမေရိကန်ဈေးကွက်အတွက် အဦးဆုံး ထုတ်လုပ်မယ့် Tundras ၂ စီးကို အမေရိကန်နိုင်ငံ အာရီဇိုးနားရှိ ဘာရက်-ဂျက်ဆန် လေလံဌာနမှာ လေလံပစ်ခဲ့ပါတယ်။ နှစ်စီးပေါင်း အမေရိကန်ဒေါ်လာ ၁.၂ သန်း ရရှိခဲ့ပါတယ်။ ရရှိတဲ့လေလံဝင်ငွေ အကုန်လုံးကို အမေရိကန် မသန်စွမ်း အားကစားသမားများအတွက် ရန်ပုံငွေဖြစ်တဲ့ Toyota U.S. Paralympic Fund သို့ ပေးလှူပါတယ်။
ပထမဆုံး ထုတ်လုပ်မယ့် VIN 001 ဖြစ်တဲ့ Toyota Tundra Capstone အတွက် အမေရိကန်ဒေါ်လာ ၇ သိန်း ရရှိခဲ့ပါတယ်။
Toyota Tundra Capstone (2022)
ဒုတိယမြောက် ထုတ်လုပ်မယ်ံ့ VIN 002 ဖြစ်တဲ့ Toyota TRD Pro အတွက် အမေရိကန်ဒေါ်လာ ၅၅၀,၀၀၀ ရရှိခဲ့ပါတယ်။
Toyota Tundra TRD Pro (2022)
လေလံအောင်ထားတဲ့သူက ကားကို ၂၀၂၂ နွေဦးမှာ ရရှိမှာ ဖြစ်ပါတယ်။
Toyota U.S. Paralympic Fund က အမေရိကန်နိုင်ငံမှ မသန်စွမ်း အားကစားသမားများကို ထောက်ပံ့ကူညီပေးတဲ့ ရန်ပုံငွေ ဖြစ်ပါတယ်။ အမေရိကန် မသန်စွမ်း အားကစားသမား ၄၃၀ ဦး ကျော်ကို ထောက်ကူပေးဖို့ သုံးစွဲမယ့် ရန်ပုံငွေ ဖြစ်ပါတယ်။ ကုမ္ပဏီမှ လှူဒါန်းငွေများအပြင် အမေရိကန်နိုင်ငံတစ်လွှားရှိ Toyota ကားအရောင်းကိုယ်စားလှယ်များရဲ့ လှူဒါန်းငွေများလည်း ပါဝင်ပါတယ်။
ယခု ရရှိလိုက်တဲ့ လေလံငွေများ ထည့်ပေါင်းလိုက်ရင် ရန်ပုံငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄.၉ သန်း ရရှိပြီလို့ ဆိုပါတယ်။
မသန်စွမ်းအားကစားသမားများကို လေ့ကျင့်သင်တန်းပေးရန်၊ လိုအပ်တဲ့ ပစ္စည်းကိရိယာများ ဝယ်ယူရန်၊ သင်တန်းဆရာဆရာမများ ငှားရမ်းရန်တို့အတွက် အဓိကအားဖြင့် သုံးစွဲမှာ ဖြစ်ပါတယ်။