တရုတ်ပြည်ဖြစ်ကားများ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့စျေးကွက်တွင် ၃၃ ရာခိုင်နှုန်း ထိန်းချုပ်နိုင်မည်ဟု UBS ပြောကြား
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
BYD ကဲ့သို့ ထိပ်တန်း တရုတ် EV ထုတ်လုပ်သူများသည် ကုန်ကျစရိတ် သက်သာနေသည့် အားသာချက်များ 'လွန်ကဲသော'ကြောင့် ကမ္ဘာဈေးကွက်ထဲ အသာရပြီး ဈေးကွက်ဝေစုများ ချဲ့ထွင်နိုင်မည်ဟု UBS - Union Bank of Switzerland က ကြိုတင်ခန့်မှန်းထားသည်။
ကျယ်ပြန့်ပြီး ကြီးမားသောဥရောပစျေးကွက်နှင့် ဥရောပတွင် ကားဝယ်စီးသူများ အီးဗီသို့ ကူးပြောင်းမှု အရှိန်ရလာခြင်းတို့ကြောင့် တရုတ် အီးဗီထုတ်လုပ်သူများ ကမ္ဘာ့ဈေးကွက်ထဲ ဝင်ရောက်ရာ၌ ဥရောပသည် ခြေကုပ် စယူသည့် ဈေးကွက် ဖြစ်လာသည်။ ကမ္ဘာ့ဈေးကွက်ထဲ တရုတ် အီးဗီများ နေရာရဖို့ အထောက်အကူပြုနေသည်။
ဥရောပနှင့် အမေရိကန်ကားကုမ္ပဏီများကလည်း တရုတ်ပြည်တွင် ထုတ်လုပ်မှု တိုးချဲ့နေကြသည်။ တရုတ်ပြည်တွင် ထုတ်လုပ်ပြီး ကမ္ဘာ့ဈေးကွက်သို့ တင်ပို့နေကြသည်။
တရုတ်ကားကုမ္ပဏီများနှင့် အနောက်နိုင်ငံများမှ ကားကုမ္ပဏီများက တရုတ်ပြည်ဖြစ် ကားများ တင်ပို့သည့် အစီးရေစုစုပေါင်းသည် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့ဈေးကွက် ရောင်းအား၏ ၃၃% အထိ ရှိလာမည်ဟု UBS က ခန့်မှန်းထားသည်။
BYD ကဲ့သို့သော တရုတ်လျှပ်စစ်ကား ထုတ်လုပ်များသည် အနောက်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့မှ ပြိုင်ဘက်များထက် ကုန်ကျစရိတ် သက်သာသည့် အသာစီးရနေပါသည်။
ယခုလို အသာစီး ရနေခြင်းသည် တရုတ်အစိုးရ အထောက်အပံ့များ ရရှိနေခြင်းကြောင့် ဟုတ်မဟုတ် ဆိုသည်ကို ဥရောပ ကော်မရှင်က လေ့လာစူးစမ်းမှုများ ဆောင်ရွက်နေပြီး ဟုတ်သည်ဆိုပါက လိုအပ်သလို တန်ပြန်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်။
တရုတ်ပြည်မှာ အီးဗီ ထုတ်လုပ်ခြင်းသည် ပစ္စည်းပေးသွင်း ကွင်းဆက် ကုန်ကျစရိတ်များ ထိန်းချုပ်ထားနိုင်ခြင်း၊ အီးဗီဘက်ထရီ ကုန်ကျစရိတ် သက်သာခြင်း အကျိုးကျေးဇူးများ ရရှိကြသည်။
သို့သော် တရုတ်အီးဗီ ကုမ္ပဏီ အနည်းငယ်သာ အနောက်နိုင်ငံများသို့ ထွက်လာနိုင်ကြမည်။ ပြည်ပတွင် စက်ရုံထူထောင်ပြီး တပ်ဆင်ထုတ်လုပ်မှုများ လုပ်ကိုင်ကြမည်ဟု UBS က ခန့်မှန်းထားသည်။
Source scmp
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL