မက္ကဆီကိုမှ ကားအငှားဝန်ဆောင်မှုလုပ်ငန်း VEMO က BYD D1 လျှပ်စစ်ကား အစီး ၁,၀၀၀ ဝယ်ယူ


မက္ကဆီကိုမှ ကားအငှားဝန်ဆောင်မှုလုပ်ငန်း VEMO က BYD D1 လျှပ်စစ်ကား အစီး ၁,၀၀၀ ဝယ်ယူ

 


မက္ကဆီကိုမှ ကားအငှားဝန်ဆောင်မှုလုပ်ငန်း VEMO က BYD ရဲ့ D1 မော်ဒယ် လျှပ်စစ်ကား အစီး ၁,၀၀၀ ဝယ်ယူဖို့ မှာကြားထားပါတယ်။ 

D1 လျှပ်စစ်ကားကို အငှားယာဉ်အဖြစ် အသုံးပြုဖို့ တရုတ်နိုင်ငံမှ အငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်းကြီး Didi Chuxing Technology Co. နှင့် BYD တို့က ဒီဇိုင်းထုတ်ထားပါတယ်။ 

BYD ရဲ့အဆိုအရ D1 အစီး ၂၀၀ ကို လုပ်ငန်းခွင်မှာ သုံးစွဲနေပြီ ဖြစ်ပါတယ်။ D1 အစီး ၁,၀၀၀ ပြည့်သွားတဲ့အခါ VEMO က တရုတ်ပြည်ပြင်ပမှာ အကြီးမားဆုံး လျှပ်စစ်တက္ကဆီ ဝန်ဆောင်မှု လုပ်ငန်း ဖြစ်လာပါလိမ့်မယ်။

BYD က လျှပ်စစ်မော်တော်ယာဉ်သုံး ဘက်ထရီလည်း ထုတ်လုပ်တာကြောင့် D1 မှာ BYD မှ ထုတ်လုပ်တဲ့ Blade Battery ကို သုံးစွဲထားပါတယ်။ D1 က ခရီးတာ ၄၁၈ ကီလိုမီတာအထိ သွားနိုင်ပါတယ်။

ကားဒီဇိုင်းက VW ID.3 နှင့် ဆင်ဆင်တူပါတယ်။ ကွာခြားချက်က D1 ကို တက္ကဆီအဖြစ် ဒီဇိုင်း ထုတ်ထားတာကြောင့် ခရီးသည် တက်ရဆင်းရ လွယ်အောင် နောက်တံခါးတစ်ချပ်ကို လျှောတံခါး တပ်ဆင်ပေးထားပါတယ်။

 

ယာဉ်မောင်းရှိတဲ့ဘက်မှာ ပုံမှန်အတိုင်း ပတ္တာတံခါးတပ်ထားပြီး ယာဉ်မောင်းမရှိတဲ့ဘက် တသ်နည်းပြောရရင် ကားကို လမ်းဘေးမှာ ရပ်လိုက်ရင် ပလက်ဖောင်း ရှိတဲ့ဘက်မှ နောက်တံခါးကို လျှောတံခါး တပ်ဆင်ပေးထားပါတယ်။

 

 

 

D1 က  multi purpose vehicle (MPV) အငယ်စားဖြစ်ပြီး D1 က "Always Day 1" ကို ဆိုလိုပါတယ်။ 

MyanmarAutomobileGuide 

Read 4886 times