အီးဗီ ဈေးလျှော့ရောင်းသည့် ဈေးနှုန်းစစ်ပွဲထဲ VW ပါဝင်လာ


အီးဗီ ဈေးလျှော့ရောင်းသည့် ဈေးနှုန်းစစ်ပွဲထဲ VW ပါဝင်လာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ကမ္ဘာ့လျှပ်စစ်ကား ဈေးကွက်မှာ ဈေးကွက်ဝေစု အများဆုံး ရပြီး ကြီးစိုးထားနိုင်ဖို့ ဈေးလျှော့ရောင်းသည့် ဈေးနှုန်းစစ်ပွဲကို Tesla က တနင့်တပိုး ဈေးချခြင်းဖြင့် စစ်ပွဲကို စတင်ခဲ့သည်။
စစ်ပွဲက ပြင်းထန်လာနေစဉ် ဂျာမန်ကားကုမ္ပဏီကြီး Volkswagen က အထင်ကရ ID.3 လျှပ်စစ်ကားမော်ဒယ်အသစ်ကို မတ်လကုန်တွင် ယူရို ၄၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄၂,၀၀၀) အောက်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း ယခုသီတင်းပတ်တွင် ကြေညာခဲ့သည်။
လက်ရှိရောင်းချနေသည့် ID.3 ဈေးနှုန်းထက် ယူရို ၃,၀၀၀ လျှော့ချထားသည်။ Tesla Model Y နှင့် အပြိုင်ဖြစ်သွားသည်။
လတ်တလောလများတွင် Tesla က ဉရောပနှင့် အမေရိကန်ဈေးကွက်တို့တွင် ၂၀% အထိ ဈေးချထားသည်။
၂၀၂၂ တွင် အမှတ်တံဆိပ် ၁၀ ခု ပိုင်ဆိုင်ထားသည့် Volkswagen Group က ဥရောပဈေးကွက်တွင် စီးရေ ၃၅၂,၀၀၀ ရောင်းချပြီး ပထမနေရာကို ရယူနိုင်ခဲ့သော်လည်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ရောင်းအားတွင် Tesla သည် VW အခြေစိုက်သည့် ဂျာမနီနိုင်ငံတွင် အရောင်းရဆုံး အီးဗီ ဖြစ်ခဲ့သည်။ သို့ဖြစ်ရာ VW အဖို့ Tesla သည် စိုးရိမ်စရာ ဖြစ်နေသည်။ သို့ဖြစ်ရာ Tesla ကြီးစိုးနေသည့် အီးဗီဈေးကွက်တွင် VW က ဈေးနှုန်းစစ်ပွဲ price war ကို စတင်လိုက်သည်ဟု သုံးသပ်ကြပါသည်။

 

ဆက်စပ်ဖတ်ရှုရန် ထိပါ


ဈေးနှုန်းစစ်ပွဲ အနိုင်ရနေသည့် Tesla က ယခုနှစ် ၃ လအတွင်း  ဒုတိယအကြိမ် ဈေးထပ်လျှော့ 
https://www.automobiledirectory.com.mm/article/tesla-slashes-prices.html


 

 

Source CNA

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 2104 times