ဒေါ်လာ ၇ သိန်းဖြင့် ရောင်းချမည့် မိုးပျံဆိုင်ကယ် "XTurismo Limited Edition"


ဂျပန်မှ လုပ်ငန်းအသစ်တစ်ခုက ထုတ်လုပ်သော ဟိုဗာဗိုက် hoverbike တစ်စီးလျှင် ယန်း ၇၇.၇ သန်း (ကန်ဒေါ်လာ၆၈၀,၀၀၀) ဖြင့် ဈေးဖွင့် ရောင်းချသည်။ ဈေးကြီးသော စူပါကား ဝယ်စီးနိုင်ကြသော သူဌေးများ အပျော်စီးအနေဖြင့် ဝယ်စီးကြမည်ဟု မျှော်မှန်းထားသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ အခြေစိုက် ဒရုံးထုတ်လုပ်ရေးလုပ်ငန်း A.L.I Technologies မှ ထုတ်လုပ်သော မိုးပျံဆိုင်ကယ်ကို "XTurismo Limited Edition" ဟု အမည်ပေးထားသည်။ 
သမားရိုးကျ အင်ဂျင်ငယ် ၄ လုံး နှင့် ဘက်ထရီဖြင့် ပါဝါပေးသည့် မော်တာ ၄ လုံး တပ်ဆင်ထားသည်။ မိနစ် ၄၀ ကြာ ပျံသန်းနိုင်ပြီး အမြန်ဆုံး အမြန်နှုန်းမှာ တစ်နာရီ ကီလိုမီတာ ၁၀၀ ( ၆၂ မိုင်) ဖြစ်သည်။

အနီနှင့်အနက် နှစ်ရောင်ခြယ် ဟိုဗာဘိုက်မှာ မောင်းနှင်သူ နေရာယူဖို့  မော်တော်ဆိုင်ကယ်ပုံစံ ကိုယ်ထည်တစ်ခု ပါဝင်သည်။ ရပ်နားစဉ် 
 ခြေထောက်တွေ ပေါ်မှာ ရပ်နားသည်။ ဘီးများ မပါပေ။ 
  A.L.I Technologies ကို မဟာလုပ်ငန်းကြီး Mitsubishi Electric က ကျောထောက်နောက်ခံ ပြုပေးထားသည်။
  
လူအများ သုံးစွဲသည့် လမ်းများပေါ်တွင် ပျံသန်းခွင့် မရှိသဖြင့် အားကစားကွင်းကဲ့သို့သော နေရာမျိုးတွင်သာ အပျော်စီးနိုင်မည် ဖြစ်သည်။

 

 

 

 

 

Read 1007 times