ပရီမီယံ Yangwang ကို ဇန် ၅ တွင် BYD တရားဝင် ထုတ်ဖော်ပြသမည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
BYD သည် ၎င်း၏ ပထမဆုံး ပရီမီယံ အမှတ်တံဆိပ် Yangwang ၏ ပထမဆုံးမော်ဒယ်ကို ၂၀၂၃ ဇန်နဝါရီ ၅ ရက်တွင် တရားဝင် ထုတ်ဖော်ပြသမည်ဖြစ်သည်။
Yangwang အမှတ်တံဆိပ်၏ ပထမဆုံး မော်ဒယ်တွင် အားကောင်းမောင်းသန် မော်တာများနှင့် ဘေးကင်းရေး အဆင့် မြင့်မားသော ဘက်ထရီတို့ ပါဝင်မည်ဖြစ်ကြောင်း အမှုဆောင်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
BYD Group အမှုဆောင်ဒုဥက္ကဋ္ဌ Lian Yubo မှ APEC SME Business Forum 2022 တွင် မိန့်ခွန်းပြောကြားရာတွင် အဆိုပါအစီအစဉ်ကို ထုတ်ဖော်ပြောကြားခဲ့သည်။
Yangwang အမှတ်တံဆိပ်သည် BYD ၏ ပရီမီယံစျေးကွက်သို့ ပြောင်းရွှေ့ခြင်းအတွက် အဓိကကျသည် ပြယုဂ်ဖြစ်သည်ဟု ၎င်းက ဆိုပါသည်။
Yangwang အမှတ်တံဆိပ်သည် ကမ္ဘာ့ထိပ်တန်းနည်းပညာများဖြင့် ကျောထောက်နောက်ခံပြုမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အဝေးပြေးလမ်းပေါ်တွင် မောင်းနှင်သည့်အခါ ဘီးပေါက်ပြီး တာယာပြားနေပါသော်လည်း ပြဿနာ မရှိနိုင်ဘဲ ပုံမှန်အတိုင်း ဆက်လက်မောင်းနှင်နိုင်သည်ဟု ၎င်းက ဆိုသည်။
မော်ဒယ်၏ off-road စွမ်းဆောင်ရည်၊ အရှိန်အဟုန်နှင့် လမ်းအခြေအနေအမျိုးမျိုးအတွက် တုံ့ပြန်မှုများသည် မကြုံစဖူး ထူးကဲသည့် အတွေ့အကြုံကို ပေးမည်ဟု Lian က ပြောကြားသည်။
BYD သည် လျှပ်စစ်ကားများအပေါ် လူအများ ရှုမြင်ထားပုံကို ပြောင်းလဲပစ်မည့် နည်းပညာများကို Yangwang အမှတ်တံဆိပ်တွင် သုံးစွဲထားကြောင်း ၎င်းက ပြောကြားသည်။
နိုဝင်ဘာလ ၈ ရက်နေ့တွင် BYD သည် ၎င်း၏ ပရီမီယံကားအမှတ်တံဆိပ်၏ တရုတ်အမည် Yangwang ကို တရားဝင်ကြေညာခဲ့သည်။
Yangwang သည် "ကောင်းကင်ကို မော့ကြည့်" ဟု အဓိပ္ပါယ်ရသည်။
Yangwang ၏ အဦးဆုံးမော်ဒယ်ကို ၂၀၂၃ ပထမ ၃ လပတ်တွင် စတင်ရောင်းချရန် လျာထားပါသည်။ အကြမ်းခံ လမ်းကြမ်းမောင်း မော်ဒယ် ဖြစ်သည်။
ရောင်းဈေး ယွမ် ၈ သိန်း($110,320) မှ ၁ သန်းခွဲ အထိ ရှိလိမ့်မည်ဟု ခန့်မှန်းသည်။
ဒီဇင်ဘာလ ၈ ရက်နေ့တွင် Yangwang သည် တရုတ်အရုပ်စာ"电" ကို အခြေခံထားသည့် လိုဂိုကို ထုတ်ဖော်ပြသခဲ့သည်။
အပြည့်အစုံ ဖတ်ရှုရန်
Yangwang လမ်းကြမ်းမောင်း SUV ၏ ရုပ်ဖျောက်ထားသည့် ဓာတ်ပုံများလည်း လူမှုကွန်ရက်မှာ ထွက်ပေါ်ခဲ့သည်။
၎င်းဓာတ်ပုံများအရ အရွယ်ပြည့် SUV ဖြစ်သည်။ ရှေ့နှင့်နောက် ဘီးနှစ်ခုကြားအကွာအဝေး ခါးလျား wheelbase ရှည်သည်။ မြေပြင်မှ ဝမ်းဗိုက်အမြင့် အတော်မြင့်သည်။ ရေထဲ ဖြတ်မောင်းနိုင်သည် စသဖြင့် ကောက်ချက်ချနိုင်ပါသည်။
Source cnevpost